" ကလေးကမိန်းမကိုယ်အင်္ဂါစုတ်ပြဲသွားပြီးဒဏ်ရာတွေအများကြီးရထားသလိုအဖေဖြစ်သူဆုံးပါးသွားလို့စိတ်အခြေနေလည်းဆိုးရွားနေတယ်၊ သေချာဂရုစိုက်ကြည့်ရှုပေးဖို့လိုအပ်တယ်ဗျ၊ကျူးလွန်သူကိုလည်းကျွန်တော်တို့ရဲတွေနဲ့အကြောင်းကြားထားပြီးပြီမို့လိုအပ်တာတွေရှိလာရင်ပြန်ပြောပါ့မယ် "
" ဟုတ်ကဲ့ပါ၊ကျေးဇူးအများကြီးတင်ပါတယ်ဗျ "
ဟန်ဂျူဂျူကို ဆေးရုံကုတင်ထက်တွင်လဲလျောင်းနေသည့်မီးမီးဘေးတွင်အသာဝင်ထိုင်လိုက်တော့သတိလည်နေပြီဖြစ်သည့်မီးမီးကတွေတွေလေးပြန်ကြည့်လာသည် ။ မီးမီးကအသားအရည်ညိုညက်ညက်နှင့်မျက်လုံးဝိုင်းဝိုင်းလေးများ၊ပုခုံးထိရှည်သည့်လှိုင်းတွန့်ဆံပင်ကွေးကွေးလေးများပိုင်ဆိုင်ထားသည့်ချစ်စရာကောင်မလေးတစ်ယောက်ပင်။
မောင်နှမ မရှိသည့်သူ့အဖို့မီးမီးကိုမြင်သည်နှင့်ညီမအရင်းအချာတစ်ယောက်နှယ်သဘောထားမိသည်။" အဆင်ပြေရဲ့လားမီးမီး "
" အဖေဆုံးပြီဟုတ် "
တည်ငြိမ်စွာမေးလာသည့်မိန်းကလေးငယ်ကို
ဟန်ဂျူဂျူကိုသက်ပြင်းဖွဖွချရင်းဖြည်းညင်းစွာခေါင်းငြိမ့်ပြလိုက်သည်။" အစ်ကို့ဆီမှာလာနေပါ၊ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ချိန်ထိအစ်ကို့ဆီမှာလိုအပ်တဲ့ပညာတွေသင်ယူရင်းနေပါ၊မီးမီးကိုအနိုင်ကျင့်တဲ့အဲ့လူကိုလည်းအစ်ကိုသေချာပေါက်အရေးယူပြီးထောင်ထဲသွင်းပေးမယ်၊ ဟုတ်ပြီလား၊ အစ်ကို့ဆီမှာမမတစ်ယောက်ရှိတယ်၊အဲ့မမနဲ့အတူတူနေပါ "
" ကြောက်တယ် "
" ကြောက်စရာမလိုဘူး၊ဒီထက်ပိုကောင်းတဲ့နေရာမှာအစ်ကိုထားပါ့မယ် "
" အဖေ့ဆီသွားချင်တယ် "
" မီးမီးနေကောင်းရင်အစ်ကိုခေါ်သွားပေးမှာမို့
အခုကောင်းကောင်းနား၊အခုလှုပ်ရှားလို့မဖြစ်သေးဘူး "ဂျောက် ( တံခါးဖွင့်သံ )
ထိုစဥ်အခန်းတံခါးဖွင့်သံကြောင့်ဟန်ဂျူဂျူကို
စကားပြောရင်းအနောက်လှည့်ကြည့်လိုက်တော့မြင်လိုက်ရသည့်သူကြောင့်စိတ်အလွန်တရာမည်းမှောင်ကျသွားရသည်။
YOU ARE READING
Sunshine Of My Life [ Ongoing ]