" သူကဘာလို့သေတာလဲ "
" ....... "
" ဟင်း မျက်လုံးတစ်ဖက်ကဘယ်ပျောက်သွားရတာလဲအစ်မကြီး "
" ....... "
" ဦးလေးမျက်တွင်းကတအားချောင်နေတာပဲ
ညဘက်စောစောမအိပ်ပဲဘာလုပ်နေလို့လဲ ဟဲဟဲ"" ......... "
" အိမ်မှာသမီးငယ်လေးကျန်ခဲ့တယ်လား ကျွန်တော်...ကျွန်တော်မျက်ရည်တောင်ကျလာပြီ "
ပြောရင်းကျလာသည့်မျက်ရည်လေးများအားလက်လေးဖြင့်အသာသုတ်လိုက်သောသူ။ဝိညာဥ်ဘုံ၏အရှင်ကတော့အလွန်တရာထူးဆန်းလှသည့်
ကောင်ကလေးအားကြောင်အငေးကြည့်နေရုံသာတတ်နိုင်ပြီးဘာပြောရမှန်းမသိတော့။ သူစီရင်နေသည့်ဝိညာဥ်အသစ်များအားထိုကောင်လေးကတစ်ပြန်စီစစ်မေးမြန်းစုံစမ်းနေကာငိုတစ်လှည့်ရယ်တစ်လှည့်ဖြင့်ခန္ဓာကိုယ်ဆီပြန်ဖို့ကိုပင်မေ့နေသည်အလား။" ဝိညာဥ်ဦးခန့်မင်းအသက် ( ၄၅ ) နှစ်မှန်ပါသလား "
" မှန်ပါတယ် "
" ဆက်နေမည်လား နောင်ဘဝကူးပြောင်းမည်လား "
" ခဏ ခဏ မပြောင်းနဲ့ဦး၊ဦးလေး.....မျက်နှာကဝမ်းနည်းနေသလိုပဲ၊ဘာဖြစ်တာလဲဟင် "
ဝီဉာဏ၏အမေးကိုနှိုင်းသုတကဖြတ်ကာမေးလိုက်တော့သေဆုံးသူဝိညာဥ်ကမျက်ရည်လေးများကျလို့စငိုသည်။
" အသက်တမျှချစ်ရတဲ့မိန်းမကနောက်ယောင်္ကျားနဲ့ပျော်ရွှင်ချင်လို့အရှုပ်ကြီးငါ့ကိုရှင်းလိုက်တာပေါ့ကွာ "
" ဟာ ဆိုးလိုက်တာ "
" ငါကတော့သူ့အတွက်နွားလိုအသားကုန်ရုန်းပေးခဲ့ရတာ၊ငါ့ချွေးတွေရင်းပြီးရှာခဲ့ရတာတွေမတန်ပါဘူး၊ငါရှာထားတာတွေကိုနောက်ယောင်္ကျားနဲ့ဖြုန်းတီးချင်လို့သူမို့ရက်စက်ရက်တယ် "
ထိုဦးလေးငိုနေတာကြည့်ရင်းနှိုင်းသုတကပါမျက်ရည်လည်လာရင်းကျောပြင်လေးကိုပုတ်ကာနှစ်သိမ့်ပေးမိသည်။
" တော်ပြီ၊ဝိညာဥ်ဦးခန့်မင်း နောက်ဘဝကူးပြောင်းမည်လား ၊ဆက်နေမည်လား "
" ဒီမယ် ခင်ဗျားကကိုယ်ချင်းစာစိတ်မရှိဘူးလား၊ငိုနေတဲ့သူကိုအဝငိုပါစေဦး၊
သူစိတ်ငြိမ်မှဆုံးဖြတ်ပါစေ၊ခင်ဗျားကဘာတွေလောနေရတာလဲ "
YOU ARE READING
Sunshine Of My Life [ Ongoing ]