Chapter - 34

167 11 0
                                    

" လက်ပံကုန်းရွာ "

" အင်း၊ဟိုးအရင်တစ်ချိန်ကတော့သိပ်စည်တယ်ပြောကြတယ်၊အစ်ကိုလည်းမသိဘူး၊အစ်ကိုငယ်ငယ်ကလူကြီးတွေပြောတာကြားဖူးတာတော့တစ်ရွာလုံးမီးလောင်ပြီးရွာကသူတွေတစ်ယောက်မကျန်ကိုဆုံးသွားကြတာတဲ့လေ "

သူတို့နေကြာပန်းခင်းတွင်အေးဆေးထိုင်ကြပြီးနောက်ပြန်ချိန်တွင်အတော်ပင်ညနေစောင်းသွားချေပြီ။သူတို့နေသည့်ရွာနာမည်မှာသရက်စိမ်းရွာဖြစ်ပြီးသရက်စိမ်းရွာသို့မရောက်ခင်လက်ပံကုန်းရွာလေးကအရင်တည်ရှိသည်။

လက်ပံကုန်းရွာ ဟုရေးထိုးထားသည့်သစ်သားဆိုင်းဘုတ်လေးကာအတော်ပင်ဆွေးမြည့်ပျက်စီးနေပြီးသစ်သားတိုင်ဟာလည်းအတော်ယိုင်နဲ့နေလေပြီ။ လက်ပံကုန်းရွာဆိုသည့်နာမည်လေးကလည်းပျက်လုနီးပါးဖြစ်နေပြီဖြစ်သော်ငြားဖတ်၍ရနေတုန်းပင်။

ကိုမြတ်နှိုင်းမာန်ပြောပြသည်အားနားထောင်ရင်းဈာန်သုတတစ်ခါကပြောပြခဲ့ဖူးသည့်ရွာများဖြစ်နေမလားဟုတွေးမိသွားရသည်။ သူအရင်အခေါက်တွေတုန်းက ကိုယ့်ကိစ္စနှင့်ကိုယ်ရှုပ်နေခဲ့သည်ကြောင့်သည်ရွာလေးအားလုံးလုံးသတိမပြုခဲ့မိချေ ။

" ကိုမြတ်နှိုင်းမာန် ဆိုင်ကယ်လေးခဏရပ်ပေးပါလား "

" ဟုတ်ပြီ "

ဈာန်သုတနှင့်တွေ့လျှင်ပြန်ပြဖို့ရန်ဓာတ်ပုံယူထားရမည်။ ဘောင်းဘီအိတ်ကပ်ထဲမှဖုန်းထုတ်လိုက်ရင်းလက်ပံကုန်းရွာဟုရေးထိုးထားသည့်ဆွေးမြည့်ယိုင်နဲ့နေသည့်ဆိုင်းဘုတ်ကလေးကိုအရင်ရိုက်လိုက်သည်။ လမ်းမှာနှစ်ခွရှိပြီးဘယ်တစ်လမ်းကာအခြားရွာများသို့သွားသည့်လမ်းဖြစ်ပြီးညာတစ်လမ်းကာတော့လက်ပံကုန်းရွာသို့ဝင်သည့်လမ်းဖြစ်၏ ။ အရင်တစ်ချိန်ကဤကဲ့သို့လမ်းနှစ်ခွဖြစ်မနေပါပဲလက်ပံကုန်းရွာသို့ဝင်သည့်လမ်းသာရှိကာလက်ပံကုန်းရွာသို့ဝင်ကာဖြတ်ပြီးမှအခြားရွာသို့ရောက်သည်။ နောက်ပိုင်းလက်ပံကုန်းရွာ၏ဟိုဟိုသည်သည်သတင်းများထွက်ပြီးနောက်တွင်တော့ဘယ်သူမှဝင်မရဲကြဖြစ်လာတာကြောင့်လမ်းနှစ်လမ်းခွဲလိုက်ရပါတော့သည်။

Sunshine Of My Life [ Ongoing ] Where stories live. Discover now