" ဒါကြီးကငါ့ကိုစော်ကားတာပဲကွ! ရာရာစစယောင်္ကျားချင်းချင်းရည်းစားစကားအပြောခံလိုက်ရတယ်လို့ ကတောက်ခ်!! "
" အဲ့ဒါမင်းကိုကာကိုလာသောက်များလို့လေ၊ငါမပြောခဲ့ဘူးလား၊ကိုကာကိုလာသောက်များရင်ကိုကိုလာပြီး
လင်ရကုန်မယ်လို့ "" မင်းပါးစပ်ကြီးပိတ်ထား!! "
ဟန်သုတကစာရွက်လေးတစ်ရွက်အားကိုင်ထားလို့
ရှူးရှူးရှဲရှဲဖြင့်နှာမှုတ်ရင်းစိတ်ဆိုးနေကာမျက်နှာမှာခရမ်းချဥ်သီးတစ်လုံးအလား။ ဈာန်သုတနှင့်ဟန်ဂျူဂျူကို ကတော့ရယ်ချင်သော်လည်းဟန်သုတ၏အတည်ဒေါသထွက်နေပုံကြောင့်ကြိတ်ပြီးသာရယ်နေကြရသည်။ဖြစ်ပုံကသည်လို။ သည်နေ့မနက်သူတို့အတန်းတက်ချိန်ဟန်သုတ၏ခုံလေးပေါ်တွင်ပန်းစည်းတစ်စည်းနှင့်အတူချစ်ခွင့်ပန်ထားသည့်စာရွက်လေးတစ်ရွက်မှာပေါ်ပေါ်ထင်ထင်။ အမှန်ဆိုလျှင်ချစ်ခွင့်ပန်စာအပေးခံရသည်မှာထူးဆန်းသည့်အရာမဟုတ်သလိုစိတ်ဆိုးစရာလည်းဟုတ်မနေပါ။ သို့သော်ဟန်သုတအားစိတ်ဆိုးစေသည့်အချက်ကသူ့ကိုချစ်ခွင့်ပန်သူမှာယောင်္ကျားတစ်ယောက်ဖြစ်နေသည့်အပြင်ထိုသူကသူမျက်စိမွှေးစူးကာအလွန်တရာကြည့်မရဖြစ်နေသည့်
အတန်းထဲမှလူမိုက်ကောင်ဖြစ်နေသောကြောင့်ပင်။
ကျောင်းတွင်ရန်ပွဲများကြောင့်ခဏခဏနာမည်ကြီးသလိုမထီမဲ့မြင်တတ်သည့်ပုံစံကြောင့်ဟန်သုတကအမြဲရှောင်လေ့ရှိသည်။ တစ်ခါငြိပြီးလျှင်မပြီးတတ်သည့်လူမိုက်ကောင်မို့ဘယ်တော့မှမငြိမိအောင်နေသည့်ကြားထဲမှသူ့ဘက်မှအရင်လာစငြိနေခြင်း။" မင်းပဲပြောတော့ယောင်္ကျားချင်းချစ်တော့သူ့ဟာကိုယ်စွပ် ကိုယ့်ဟာသူစွပ်ဆို၊သူ့ဟာကကိုယ့်ဟာ ကိုယ့်ဟာကကိုယ့်ဟာ၊ပိုတောင်ကောင်းသေးတယ်ဆို၊
အခုကျတော့ဘာလို့ရှူးရှူးရှဲရှဲဖြစ်နေရတာလဲ "" အဲ့ကောင်မို့လို့ပေါ့ကွ!! "
" စိတ်လျော့စမ်းပါငါ့ညီရာ၊ မင်းမကြိုက်ရင်ငြင်းလိုက်ပေါ့ "
" ငြင်းတာတော့ဟုတ်တာပေါ့၊ဒါပေမယ့်အဲ့ကောင်ပေးတာမှန်းအကုန်သိကုန်တဲ့အပြင်ငါ့ကိုကြည့်ပြီး
ရယ်ကုန်ကြပြီလေ၊အခုဆိုငါ့အကြောင်းနာမည်ကြီးကုန်တော့မှာ ခွေးလိုကောင်၊ငါ့သိက္ခာတွေ နာမည်တွေကုန်ပါပြီ "
YOU ARE READING
Sunshine Of My Life [ Ongoing ]