Chapter - 17

529 18 0
                                    

မှောင်မိုက်ကာတိတ်ဆိတ်လွန်းလှသည့်တစ်နေရာ.....။

ဘယ်နေရာသို့ကြည့်ကြည့်လူသူနှင့်တူသည့်အရိပ်အယောင်ပုံသဏ္ဍာန်ရယ်လို့မရှိပါပဲတိတ်ဆိတ်ခြင်းနှင့်အမှောင်ထုသာကြီးစိုးလျက်.....။

" ဒီမှာဗျ၊တစ်ယောက်ယောက်ရှိသလားဗျ "

လည်ချောင်းမှအသံအကုန်ထုတ်ကာအော်မေးလိုက်ရင်းခရီးဝေးနှင်ထားရသည့်သူတစ်ယောက်နှယ်
မောပန်းနေမိသည်။ ထိုစကားကိုသူအကြိမ်ပေါင်းများစွာမေးခဲ့ပြီးပြီ။ သို့သော်ပြန်ဖြေဆိုသံမကြား၊ပြန်ဖြေဆိုမည့်သူမရှိ။နှိုင်းသုတ စိတ်ပျက်လက်ပျက်နှင့်ဘယ်နေရာမှန်းမသိသည့်နေရာတွင်ထိုင်ချလိုက်သည်။ ရှပ်အင်္ကျီလက်တိုအပြာနုနှင့်ဘောင်းဘီရှည်ပွပွဝတ်ထားပုံမှာအိမ်နေရင်းဝတ်စားထားသည့်ပုံစံပါပင်။ သို့သော်သူရောက်နေသည့်နေရာကတော့အိမ်လည်းမဟုတ်၊အမည်ပင်ပြောပြမတတ်သည့်သူမမြင်ဖူး၊မသွားဖူးသည့်နေရာတစ်ခု။ ကြီးမားလှသည့်သစ်ပင်ကြီးများသာဝန်းရံလို့နေရာတိုင်းမှာမှိုင်းအုံ့လျက်ရှိသည်။သူကြည့်ဖူးသည့်သရဲကားများထဲမှမှောင်မည်းမည်းနေရာတွေနှင့်တောင်ဆင်တူနေသလိုပင်။ ရေချိုးခန်းထဲချော်ချကာပြုတ်ကျသွားသည်အထိသာသူကောင်းကောင်းမှတ်မိသည်။

သူအခုသေသွားတာများလား........။

ထိုအချိန်ဟိုးအဝေးမှသူ့ကိုကျောပေးကာ
လှုပ်ရှားနေသည့်လူနှင့်တူသည့်ပုံရိပ်များအားမြင်တော့ဝမ်းသာသွားကာအမြန်ထပြီးအကူညီတောင်းရန်ပြေးသွားလိုက်သည်။ တောကြီးမျက်မည်းထဲဘာလုပ်နေကြပါလိမ့်ဟုသံသယဝင်မိသော်လည်းလူသူအရိပ်တွေ့တာကိုသာကျေးဇူးတင်မိလို့အားတက်သွားရသည်။

" ဟိုလေ....ကျွန်တော်အခုရောက်နေတာဘယ်နေရာလဲသိလားဗျ၊ကျွန်တော်လမ်းပျောက်နေလို့ကူညီပါဦး "

" ........ "

သူ့ကိုလှည့်ပင်မကြည့်ပဲအရှေ့တည့်တည့်သို့သာ
လမ်းဆက်လျှောက်နေကြသောသူများ။ အမျိုးသမီး၃ယောက်နှင့်အမျိုးသား၂ယောက်ရှိကာ
သူတို့အချင်းချင်းလည်းရင်းနှီးဖော်ရွေသည့်ပုံမရှိကြသလိုသူ့ကိုလည်းရှိမှန်းပင်ဂရုမစိုက်ကြ။

Sunshine Of My Life [ Ongoing ] Where stories live. Discover now