🖤 Love’s Theory
အချစ်သီအိုရီ🖤Part 15
“ဆရာမ ကျွန်တော့်မိန်းမမှာ ကိုယ်ဝန်ရှိနေတာလားခင်ဗျ”
“ဟုတ်ပါတယ် ဝန်ကြီးချုပ် ဝန်ကြီးချုပ်ရဲ့မိန်းမှာ ကိုယ်ဝန်ရှိနေပါပြီ နှစ်ပတ်ပါ ကိုယ်ဝန်နုတော့ ပိုဂရုစိုက်ရပါမယ်”
“ဟုတ်ကဲ့ ဆရာမ”
“ဆေးကောင်တာမှာ ကျွန်မရေးပေးတဲ့စာရွက်နဲ့ ကိုယ်ဝန်ဆောင်အားဆေးယူသွားပြီး နောက်တစ်လကြာရင် လာပြန်ပြပေးပါ ဝန်ကြီးချုပ်”
“ဟုတ်ကဲ့ ဆရာမ ကျေးဇူးပါ”
“ကျေးဇူးပါ ဆရာမ နှင်းတို့သွားလိုက်ပါအုံးမယ်”
ဆရာမက နှင်းမှာကိုယ်ဝန်ရှိတယ်လို့ပြောလိုက်တည်းက မျက်နှာပြုံးဖြီးနေတဲ့ဦး
အခုထိ မျက်နှာပြန်မတည်နိုင်သေးဘူး
တကယ်တော့ ခုလို ရင်သွေးလေးထပ်ရတာ နှင်းပျော်ပါသည်
ဒါမယ့် အခုလိုကျတော့ နှင်းရဲ့အ၇င်ရင်သွေးလေးအပေါ် နှင်းတာဝန်မကျေခဲ့သလို ခံစားရသည်
သူ့ခမျာ ဖခင်ကိုတောင်အသိမပေးရသေးပဲ ဒီလောကကြီးက ထွက်ခွာသွားရတာမလား
ကလေး ဒီတစ်ခါ မင်းအပေါ်ဘာအန္တရာယ်မှမကျအောင် မေမေဂရုစိုက်ပေးမယ်နော် မင်းမပူနဲ့
နှင်းအခုမှ ကိုယ်ဝန်၂ပတ်ပဲရှိသေးတာကို နှင်းကိုတွဲနေတဲ့ဦး
“ဦး အရမ်းမပိုနဲ့နော် အခုမှ၂ပတ်ပဲ ရှိသေးတယ် ဗိုက်လည်းမထွက်သေးဘူး တကယ် ကိုယ့်ကိုယ်ကို ဝန်ကြီးချုပ်ဆိုတာရောသိသေးရဲ့လား”
“ဝန်ကြီးချုပ်ကရော ကိုယ့်မိန်းမကိုယ်ဝန်ရှိနေတာ မပျော်ရဘူးလား”လို့ ခန့်လည်း သူ့ကလေးကိုပြန်ပြောရင်း တံခါးဖွင့်လိုက်တော့
အပြင်မှာ bodyguardတွေရော သတင်းထောက်တွေရော
နှင်းကတော့ ကြောင်တောင်တောင်ဆိုပေမယ့် ဦးကတော့ သူကြိုသိထားတဲ့အတိုင်း နှင်းကို ပိုပြီးကျစ်ကျစ်တွဲထားပြီး နှင်းကိုအနောက်ကသိုင်းဖက်ထားသလို တခြားသူတွေနဲ့တိုက်မိမှာ ကာကွယ်ရင်း Bodyguardတွေ လမ်းရှင်းပေးခြင်းနဲ့အတူ ကားနားရောက်လာခဲ့သည်
![](https://img.wattpad.com/cover/374671637-288-k120579.jpg)
YOU ARE READING
Love's Theory (Love S2)
Romanceသင်ခန်းစာနဲ့ပတ်သတ်တဲ့သီအိုရီမှန်သမျှကို နှောင့်နှေးခြင်းမရှိပဲ ပြတ်သားစွာရှင်းလင်းနိုင်တဲ့ ပါမောက္ခတစ်ယောက်ဖြစ်သော ရဲရင့်သွေး အဖေလုပ်သူက ကျောင်းဆရာတစ်ယောက်မို့စည်းကမ်းကြီးသည့်အလျောက် အဖေ့လိုစည်းကမ်းကြီးသောအဖေ့တပည့်သည် မိမိရဲ့ဆရာဖြစ်လာမည့်အတွက် စိုး...