Part 12

103 5 0
                                    

🖤Love's Theory
အချစ်သီအိုရီ 🖤

Part 12

နန်း နိုးလာတော့ ရောက်နေတာက Sofaပေါ်မဟုတ်ပဲ ကုတင်ပေါ်

ကုတင်ဘေးကြည့်တော့ ဆရာက မနေ့ကသူနဲ့မတူ အိပ်နေဆဲ

နန်းကိုဘယ်သူ ကုတင်ပေါ်ပွေ့ပေးလိုက်လည်း နန်းတကယ်မသိ

ဒီအိမ်မှာရှိတာဆိုလို့ ဆရာရယ် ကြီးပုနဲ့ဖွားဖွားရယ် Driverဦးလေးကြီးရယ်

ကြီးပုနဲ့ဖွားဖွားကတော့လုံးဝမဟုတ်
Driverဦးလေးကြီးကလည်း ညဘက်ဆို သူ့အိမ်သူပြန်တာ
အဲ့တော့ကျန်တာက ဆရာ

ဆရာတကယ်ပဲ နန်းကိုချီလာတာလား

ဒါမယ့် မနေ့က ဆရာပဲနန်းကို အော်ခဲ့တာလေ

အလွယ်တကူစိတ်ဆိုးပြေပါ့မလား

နန်းအတွေးတွေရှုပ်ယှက်ခက်နေဆဲ အချိန်မှာဝင်လာတဲ့ဖုန်း

Contactက ပျိူ...

"ဟယ်လို ပျိုပြော"

"ဒီနေ့က ဆိုင်ဖွင့်ပွဲလေ မနေ့ကလို နောက်ကျမှာစိုးလို့ လှမ်းနှိုးတာ"

"ငါက နိုးပါပြီနော် နှင်းကိုသာ သွားနှိုး"

"စိတ်ချ နှင်းကို လွှာဆက်နေတယ် နင်တို့အိမ်ထောင်သည်တွေက ဝီရိယရှိမလားအောက်မေ့တယ် ငါတို့အပျိုတွေက နင်တို့ထက်ပိုဝီရိယရှိတယ်"

"ဒါကတော့ကွာတယ်လေ တို့ရထားတဲ့ယောကျ်ားက high bossဆိုတော့ သိပ်ဂရုစိုက်မလိုဘူးလေ ရှင်တို့ကျနောင်အေးမအေးသေးဘူးလေ အဲ့တော့ကြိုးစားရတာပေါ့"

အဲ့လိုအနိုင်မခံပြောတဲ့နန်းပါ

"အမလေး ဟုတ်ပါပြီ သူ့အလှည့်ဆိုတော့ပြောထားပေါ့ သွားရေသွားချိုး ဆိုင်ကိုစောစောလာ"

"ဟုတ်ကဲ့ပါရှင့် ဖုန်းချလိုက်ပြီ"

............

တစ်ဖက်မှာတော့

အိပ်နေချိန်မို့ အသံပိတ်ထားတဲ့ဖုန်းကြောင့် vibrateပဲမြည်နေဆဲ

လွှာ့ဘက်က ဖုန်းကို အဆက်မပြတ်ခေါ်နေပေမယ့် ဖြေကြားခြင်းမရှိတဲ့ဖုန်းလေး

နှင်းအိပ်နေရင်း တစ်ခုခုတုန်နေသလိုခံစားရတာကြောင့် မျက်လုံးဖွင့်ကြည့်တော့ နှင်းဖုန်းလာနေခြင်း

Love's Theory (Love S2)Where stories live. Discover now