Love's Theory
Part 33"နှင်း မပြေးရဘူးလေ Babyလေးကို မေ့နေပြီလား"
"မေမ့ပါဘူး"
"မေမ့ပါဘူးဆို ပြေးမနေနဲ့တော့ ဆိုင်မှာငြိမ်ငြိမ်ထိုင်နေနော် ကိုယ်အလုပ်သွားအုံးမယ် ညကျမှလာကြိုမယ်"
"ဟုတ်"
"ဆေးလည်းသောက်နော်"
"သွားပါတော့ ဦးရာ အရမ်းရှုပ်တယ်"
"အရမ်းရှုပ်တယ်ပြောတယ်နော် လာကြိုမှတွေ့မယ် အခုတော့ရုံးမှာလုပ်စရာတွေရှိသေးလို့"ဆိုပြီး နှင်းနဖူးကိုတောက်ကာ ထြက္သြားတဲ့ဦး
ကေလးရလာမှ သူ့ကိုတော်တော်ပြန်ပြောလာတဲ့ကလေးကြောင့် မျက်စောင်းထိုးပြီးထွက်လာမိနဲ့ခန့် ဆိုင်ပြင်ထွက်တာနဲ့ မျက်နှာတည်စွာ
"အကို ကျွန်တော်အကြံတောင်းစရာရှိလို့"ဆိုပြီး ကားမောင်းရင်းပြောလာတဲ့အောင်မျိုး
အောင်မျိုးဆိုတာ ကားမောင်းရင်း အလုပ်ကလွဲကျန်တာပြောတာ ကြုံတောင့်ကြုံခဲမို့ ခန့်လည်း
"ပြောလေ"
"ကျွန်တော် နှင်းရဲ့သူငယ်ချင်း ပျိုဆိုတဲ့ကောင်မလေးကို ကြိုက်နေပြီထင်တယ်"
"ဘယ်လို....."
"ဟုတ်တယ်အကို ကြိုက်နေတယ်ဆိုတာထက် ချစ်မိတာလားပဲဗျာ သူ့ကိုပဲမြင်ယောင်နေမိတယ် သူ့မမြင်ရတဲ့နေ့ဆို သူ့Accထဲဝင်ကြည့်ရတာအမောပဲ"
"မင်းသေချာရင် ဖွင့်ပြောလိုက်ပေါ့"
"ဒါပေမယ့် ကျွန်တော်ကအငြင်းခံထားရတာကြာမသေးပဲ နောက်တစ်ယောက်ကိုထပ်ချစ်မိတယ်လို့ပြောရင် အထင်သေးမှာကြောက်လို့"
"အချစ်နဲ့စစ်မှာမတရားတာမရှိပါဘူးကွာ မင်းကြိုက်ရင်ထုတ်ပြောလိုက်ပေါ့"
"ဟုတ်ကဲ့အကို ကျွန်တော်ကြိုးစားကြည့်ပါ့မယ်"
"အွန်း"
....။.....။
နန်းလည်း စာသင်ချိန်အပြီး Assignmentထပ်ဖို့ ဋ္ဌာနသွားရင်းကြားလိုက်တာက
"ဒီနေ့ မေ့ကို မတွေ့ဘူးနော် ဆရာမ"
"ဟုတ်တယ် ဆရာရဲရဲ့ မေနဲ့သူ့မောင်ဝမ်းကွဲက သူ့ဦးလေးမူးလဲလို့ဆိုပြီး လိုက်သွားကြတာလေ ဘယ်လိုအခြေအနေရှိလို့လဲတော့မသိ မေကနှုတ်ထွက်စာတင်ထားတယ် ဟိုကောင်လေးကျခွင့်တိုင်ထားတယ်"
YOU ARE READING
Love's Theory (Love S2)
Romanceသင်ခန်းစာနဲ့ပတ်သတ်တဲ့သီအိုရီမှန်သမျှကို နှောင့်နှေးခြင်းမရှိပဲ ပြတ်သားစွာရှင်းလင်းနိုင်တဲ့ ပါမောက္ခတစ်ယောက်ဖြစ်သော ရဲရင့်သွေး အဖေလုပ်သူက ကျောင်းဆရာတစ်ယောက်မို့စည်းကမ်းကြီးသည့်အလျောက် အဖေ့လိုစည်းကမ်းကြီးသောအဖေ့တပည့်သည် မိမိရဲ့ဆရာဖြစ်လာမည့်အတွက် စိုး...