Part 36

87 4 0
                                    

Love's Theory

Part 36

"တကယ်ပါဆို နန်းက ဘာမှမလုပ်ဘူး အိမ်မှာဆို အမေပဲလုပ်တာ နန်းတို့လေးယောက်မှာဆို နှင်းနဲ့ပျိုပဲ ဟင်းချက်တတ်တာ"ဆိုပြီး ပိုအငိုသည်းလာတဲ့နန်း

"ဟုတ်ပြီ ဟုတ်ပြီ မငိုနဲ့တော့ အမေ့ကိုဘာမှစိတ်မပူနဲ့ ကိုယ်ရှိတယ် အခုတော့အိပ်တော့ ဟုတ်ပြီလား"

သူမလေးကိုအငိုတိတ်အောင်ချော့ရင်း ရဲရင့်လည်း ဘယ်လိုအိပ်ပျော်သွားသည်မသိပေ

မနက်ရောက်တော့...

"အမေ သမီးပြန်တော့မယ်နော်"

"အမလေး အရင်တုန်းကတစ်ချက်တောင်ဖုန်းမဆက်ပဲ အခုပြန်ခါနီးမှ မခွဲနိုင်ပုံနဲ့"

"အမေကလည်း လွမ်းပါတယ်နော် အမေမှဖုန်းမဆက်ခိုင်းတာလို့"

"ကဲပါ နှစ်ယောက်လုံးသွားကြတော့ ဒီနေ့ ကျောင်းနောက်ဆုံးနေ့မလား"

"ဟုတ်တယ်အဖေ တစ်ပတ်ကြာရင် စာမေးပွဲဖြေရမှာ"

"စာသေချာလုပ်အူံး"

"သမီးအဲ့လောက်တော့သိပါတယ်အဖေရဲ့"

"ကိုယ့်ယောကျာ်းက ပါမောက္ခ သူ့ဂုဏ်ကိုမချမိစေနဲ့"

"အဖေ သမီးကိုတွေ့ရင် ဟိုလူ့သိက္ခာမချနဲ့ ဒီလူ့သိက္ခာမချနဲ့ပဲပြောနေတယ်"

"မယုံလို့မှာနေရတာပေါ့  သွား ကျောင်းနောက်ကျတော့မယ်"

"ဟုတ်ကဲ့ သွားပြီနော် အမေနဲ့အဖေ အမေနဲ့အဖေလည်းဂရုစိုက်အုံး အချိန်ရှိတိုင်း ကလေးတွေကို အချိန်ပိုတွေမခေါ်နဲ့အုံးနော်"

"အင်းပါ"

အဖေနဲ့အမေခေါင်းငြိမ့်ပြမှ နန်းလည်း ကားထဲဝင်ထိုင်လိုက်သည်

ရဲရင့်လည်း ယောက္ခမဖြစ်သူတွေကို
"သွားလိုက်ပါအုံးမယ် အမေနဲ့အဖေ"

"အေး ကားဖြည်းဖြည်းမောင်းသွားအုံးနော်"

"ဟုတ်ကဲ့အဖေ သွားလိုက်ပါအုံးမယ်"

ရဲရင့်လည်း ကားကို မောင်းထွက်လာတော့

"ဆရာ မနေ့ညက ကားမယူလာဘူးမလား ကားက အခု အိမ်ကို ဘယ်လိုယူလာတာလဲ"

Love's Theory (Love S2)Where stories live. Discover now