Part 18

85 4 1
                                    

🖤Love’s Theory
အချစ်သီအိုရီ🖤

Part 18

နှင်း မနက်ကျောင်းတက်တော့ Canteenတော့ သွားမထိုင်ချင် တော်ကြာ မနေ့ကလို လာProposeလုပ်နေရင် ဒုက္ခ

ဒါကြောင့် အတန်းထဲပဲ သွားထိုင်နေလိုက်ပြီး စောသေးတာမို့ ဖုန်းလေးကိုနားကြပ်လေးတပ်ပြီး သီချင်းနားထောင်ရင်း မှောက်အိပ်နေလျက်….

ရဲရင့်လည်း ဒီနေ့မနက်နိုးတော့ ကိုယ်ကျောင်းသွားရင်း သူမကိုပါ ခေါ်သွားမယ်ပေါ့ သူနိုးတော့ သူမက မရှိ အဖွားကိုမေးတော့ သွားပြီတဲ့

ဒါကြောင့် သူကျောင်းကိုလာရင်း စောနေမှန်းသိပေမယ့် ဌာနမှာနေရင် မေက စာသင်ချိန်မရှိဘူးလေ အဲ့ခါကို မေ့ကို တွေ့နေရမှာစိုးလို့ စာသင်ရမယ့် Masterတန်းကိုပဲ တန်းသွားတော့..

တကယ် အကြောက်အလန့်မရှိဘူးလား မသိ ရန်ကုန်တက္ကသိုလ်ဆိုတာ သရဲရှိတယ်ဘာညာနဲ့ ဘယ်သူမှတစ်ယောက်တည်း မနက်ပိုင်းအစောကြီးဆို မနေရဲကြတဲ့စာသင်ခန်းတွေလေ

သူမကတော့ အေးဆေး ဂရုမစိုက်တဲ့ပုံနဲ့ နားကြပ်တပ်ပြီး အိပ်နေတာ

သူမ သရဲမကြောက်ရင်တောင် ခုလိုမျိုး တစ်ယောက်တည်းအိပ်မနေသင့်ပေ အစောကြီးဖြစ်သလို စာသင်ခန်းထဲမှာ တစ်ယောက်ထဲပဲရှိတော့ တခြားသူတွေ မဟုတ်တာလုပ်မှာစိုးရသည်မလား သူမကမိန်းကလေးလေ ပြီးတော့ တစ်ယောက်တည်း

မင်းတော်တော် ဂရုမစိုက်တတ်တာပဲလို့ သူ့စိတ်ထဲပြောရင်း ရှေ့ဆုံးတန်းမှာဝင်ထိုင်ရင်း စာအုပ်ဖတ်နေသလိုနဲ့ သူမကို လှည့်လှည့်ကြည့်နေမိသည်

သူမကတော့ သူရောက်နေမှန်းတောင် သိမည်မထင်

ကျောင်းသားတွေရောက်ခါနီးပြီဆိုတော့ သူလည်း သူမကိုခိုးမကြည့်တော့ပဲ အပြင်ကိုကြည့်နေမိတော့ ချာတိတ်တစ်ယောက်

သူ့ကိုတောင်သိမည်မထင် ဘာလို့ဆို သူတို့Majorကဆို သူ့ကိုစိုက်စိုက်တောင်မကြည့်ရဲကြတာမလား

အခုဒီချာတိတ်ကတော့ သူရှိနေရက်နဲ့ သူ့အခန်းထဲကကျောင်းသူကို ငေးနေတာလေ

ဒါကြောင့် ဒီချာတိတ်က တခြားmajorကမဟုတ်ရင် တခြားကျောင်းကဖြစ်ရမည်

Love's Theory (Love S2)Where stories live. Discover now