Love's Theory
Part 39
"အွန်း ဟုတ်တယ် ငါငိုလို့မရဘူး နင်တို့လည်းငါ့အစား ကိုငယ့်ကို နှစ်သိမ့်ပေးနော်"
"အင်းပါ နှစ်သိမ့်ပေးမယ် နန်းကိုပါဝိုင်းပြောခိုင်းမယ်နော် ကိုငယ်နဲ့နန်းက ငါတို့ထက်ပိုတည့်တယ်"
"ဟုတ်တယ် နန်းက ငါတို့ထပ် ပိုပြီးအကြောင်းသင့်ပြောတတ်တယ်"
"ကျေးဇူးနော်"
"ကျေးဇူးတင်စရာမလိုပါဘူးဟာ ငါတို့က နင့်ရဲ့အမပြီးရင် အရင်းနှီးဆုံးညီမတွေပဲကို"
"ဘာတွေပြောနေကြတာလဲ ကလေး"
"ဘာမှမပြောပါဘူး ဦး အစည်းအဝေးလုပ်စရာရှိတယ်ဆို ပြီးသွားပြီလား ဘယ်လောက်မှလဲမကြာဘူးနော်"
"မပြီးသေးပါဘူး ဆွေးနွေးရမှာ အများကြီးကျန်သေးတယ် နောက်နေ့ထပ်ဆွေးနွေးရမှာ"
"အော် ဟုတ်"
"နှင်း ပြန်တော့လေ ငါတို့ဘာသာသိမ်းလိုက်မယ် သွား ပြီးတော့ နင့်ဗိုက်လေးကလည်း တဖြည်းဖြည်းပူလာပြီ ဆိုင်လာဖို့မလိုပါဘူး အိမ်မှာပဲနေ အိမ်မှာနေရတာပျင်းလာရင် အန်တီတို့ ဦးလေးတို့အိမ်သွားနေ ငါတို့လည်း ခဏခဏလာလည်မယ်"
"ဟုတ်တယ် ကလေး ကလေးသူငယ်ချင်းတွေတောင် ပြောနေပြီ ကလေး ကလေးမွေးပြီးမှ ဆိုင်ပြန်လာထိုင်နော်"
"ဟုတ်ပါပြီ တကယ်ပါပဲ ဘယ်အချိန်တည်းက လက်ဖဝါးရိုက်ပြီး တိုင်ပင်ထားလဲ မသိဘူး"
"နင်က နင့်ဦးဘေးနားအမြဲတမ်းရှိနေတာကို ငါတို့က ဘယ်လိုတိုင်ပင်ရမလဲ ပြော"
"ဟုတ်ပြီ ဟုတ်ပြီ တကယ်ပွစိပွစိတွေနဲ့ ဆိုင်မလာတော့ဘူး ဟုတ်ပြီလား ဒါမယ့် ဝန်ထမ်းထပ်ခေါ်လိုက်နော် ဒီရက်ပိုင်း ဆိုင်လည်း အော်ဒါကျသလို နန်းလည်းစာမေးပွဲကြောင့် မလာနိုင်ဘူးလေ"
"အမလေး ငါတို့ကိုကျ ပွစိပွစိတဲ့ သူ့ကျတော့ မသွားခင်လေ နားမပူရုံမှာတာကို"
"ဝင်္ကဝုတ္ထိတွေနော် သိပ်မသုံးနဲ့ ဦးသွားမယ် လာ"ဆိုပြီး ခန္ဓာကိုယ်အမြန်လှည့်လိုက်တဲ့ နန်းကြောင့် ခန့်အပါအဝင် သူငယ်ချင်းနှစ်ယောက်ပါ မျက်လုံးပြူးမျက်ဆန်ပြူး
YOU ARE READING
Love's Theory (Love S2)
Romanceသင်ခန်းစာနဲ့ပတ်သတ်တဲ့သီအိုရီမှန်သမျှကို နှောင့်နှေးခြင်းမရှိပဲ ပြတ်သားစွာရှင်းလင်းနိုင်တဲ့ ပါမောက္ခတစ်ယောက်ဖြစ်သော ရဲရင့်သွေး အဖေလုပ်သူက ကျောင်းဆရာတစ်ယောက်မို့စည်းကမ်းကြီးသည့်အလျောက် အဖေ့လိုစည်းကမ်းကြီးသောအဖေ့တပည့်သည် မိမိရဲ့ဆရာဖြစ်လာမည့်အတွက် စိုး...