🖤Love’s Theory
အချစ်သီအိုရီ🖤Part 16
ဆိုင်ရောက်တော့
“ဘာစားမှာလဲ”
“နန်း စားပြီးပြီ ဆရာပဲစားလေ”
“ကိုယ်စားတာ မင်းက ထိုင်ငေးနေမို့လား”
“နန်းမှ ဗိုက်မဆာတာ ခုနကပဲစားပြီးသားမို့
ဆရာ့ကို မလိုက်ဘူးပြောတာကို ဆရာပဲအတင်းခေါ်လာတာလေ”“ဟုတ်ပြီ ကိုယ်မှားတယ် ဟုတ်ပြီလား တစ်ခုခုတော့သောက်လေ ထိုင်နေမယ့်အစား”
“စတော်ဘယ်ရီဖျော်ရည်သောက်မယ်လေ”
“ကောင်းပြီ”
နန်းတို့မှာပြီးတော့ နန်းလည်း ဟိုကြည့်ဒီကြည့်ပေါ့ ဆရာနဲ့ပြောစရာစကားမှမရှိတာ
“ကျောင်းက ခရီးထွက်မှာ”
ရဲရင့်ပြောလိုက်တာကြောင့်
“ဟုတ်လို့လား ဆရာရဲ့ နန်းတို့ဌာနက ဘယ်ခရီးမှသွားဖူးတာလဲ မဟုတ်ပဲနဲ့ အခုက”
“အဲ့လို မသွားဖူးလို့ ကျောင်းသားတွေက တောင်းဆိုလာတော့ သွားဖို့ကိုအခုလေးတင်ပဲ Meetingထိုင်လာတာ”
“အော်..”
“မင်း မလိုက်ဘူးပေါ့”
“နန်း မလိုက်တော့ပါဘူး ကျောင်းကလူတွေနဲ့သွားရင် နန်းတစ်ယောက်တည်း ပြီးတော့ နှင်းတို့နဲ့သွားဖို့လည်း ပြောပြီးပြီ အဲ့မှာဆိုပါမယ့်သူတွေက နှင်းတို့ရယ် သူ့အကိုတွေရယ် ဒါပဲဆိုတော့ နန်းသိတဲ့သူတွေပဲလေ နေရထိုင်ရအဆင်ပြေတယ်”
“ဒါဆို မင်းကတကယ်မလိုက်ဘူးပေါ့”
“ဟုတ်တယ် ဆရာ နန်းမလိုက်ဘူး”
လုံးဝအခိုင်အမာငြင်းနေတဲ့နန်းကြောင့် ရဲရင့်လည်း ဆက်မပြောတော့ပေ
သူ့မှာတော့ ကျောင်းကဆို သူမလိုက်မယ်ဆိုပြီး သူလိုက်မယ်ဘာညာပြောထားတာ အခုသူမ မလိုက်ဘူးဆိုတော့ သူလည်း မလိုက်ရုံပဲပေါ့…
ဒါကြောင့် အချိန်မနှောင်းခင်မှာပဲ ချက်ချင်း သူမလိုက်ဘူးဆိုတဲ့အကြောင်းကို ခရီးသွားဖို့စီစဉ်တဲ့ဆရာကို စာပို့အပြီး
…
YOU ARE READING
Love's Theory (Love S2)
Romanceသင်ခန်းစာနဲ့ပတ်သတ်တဲ့သီအိုရီမှန်သမျှကို နှောင့်နှေးခြင်းမရှိပဲ ပြတ်သားစွာရှင်းလင်းနိုင်တဲ့ ပါမောက္ခတစ်ယောက်ဖြစ်သော ရဲရင့်သွေး အဖေလုပ်သူက ကျောင်းဆရာတစ်ယောက်မို့စည်းကမ်းကြီးသည့်အလျောက် အဖေ့လိုစည်းကမ်းကြီးသောအဖေ့တပည့်သည် မိမိရဲ့ဆရာဖြစ်လာမည့်အတွက် စိုး...