Part 21

80 5 0
                                    

🖤Love's Theory
အချစ်သီအိုရီ🖤

Part 21

"မရှိပါဘူးမောင်လေးရဲ့" လို့ဖြေပြီး စေ့စပ်ထားသူမရှိပေမယ့် လက်ထပ်ထားတဲ့သူတော့ရှိတယ် မောင်လေး လို့စိတ်ထဲကပြောလျက်

ခုနက ဟိူဘက်ကဆရာတွေခေါ်တာ မသွားလည်းရတာကို သွားတဲ့ဆရာ့ကို နနန်းဘက်ကလက်စားချေခြင်းပင်

မမပြောလိုက်တဲ့စကားကြောင့် ကောင်းနားမလည်နိုင်

ကောင်းကြားရသလောက် ဆရာက တည်ကြည်တဲ့သူ

"ဒါမယ့် ဆရာပြောတာက......."

"အော် အဲ့တာလား ဆရာက မမအဖေရဲ့တပည့်လေ အဲ့တော့ မမ မသိပဲလူကြီးတွေဆွေးနွေးထားတာ ဖြစ်ရင်လည်း ဖြစ်မှာပေါ့"

နန်းက ထိုကောင်လေးကို သုံးပြီး ဆရာ့ကို သဝန်တိုအောင်လုပ်ချင်တာမလား

ဒါမယ့် ဆရာလိမ်တာလည်း မဖြစ်ချင်

ဒါကြောင့်ခုလိုပြောလိုက်ခြင်းပေ.....

"အော် ဟုတ် မမ"

"အွန်း"လို့ပြောပြီး နန်းလည်း နွားနို့ပြန်သောက်လျက်...

တောင်တန်းတွေနဲ့ဖြစ်သလို ပင်လယ်နှင့်နီးတာမို့ ညနေစောင်းလေပိုအေးသလို

နန်းပထမတွက်ထားတာက ညနေမစောင်းခင် ဟိုရောက်မယ်လို့ ဒါကြောင့်အနွေးထည် သို့ ခြုံဖို့သဘက်မထုတ်ထားမိခြင်း အခုကျ ညနေစောင်းနေပြီ

ကားပြန်ထွက်ရင်လည်း ကားမှာ Air-conဖွင့်အုံးမှာလေ ဒါကြောင့်အေးရင် သောက်လို့ရအောင် လွယ်အိတ်ထဲမှာရှိတဲ့ ပျိုထည့်ပေးတဲ့ရေနွေးဘူးလေးထုတ်ပြီး ဆိုင်စားပွဲထိုးကိုခေါ်ကာ

"အကို..."

"ညီမ ဘာလိုသေးလဲဟင်"

"နွားနို့အပူကိုလေ ဒီထဲထည့်ပေးပါ ဆန့်သလောက်ပေါ့ ၂ခွက်ဆိုလည်း၂ခွက် ပူပူလေးနော်"

"ဟုတ်ညီမ"

ကောင်း မမမေခေါ်ရျ် အနားသွားတဲ့အချိန် မမက စားပွဲထိုးအကိုကိုခေါ်ပြီးဘာမှာမှန်းမသိ...

မေ သူပြောနေတာကို အာရုံမစိုက်တဲ့အပြင် တခြားဘက်ကို ငေးကြည့်နေတာကြောင့် မောင်လုပ်သူကြည့်တဲ့နေရာ သူပါလှည့်ကြည့်မိတော့

Love's Theory (Love S2)Where stories live. Discover now