Part 35

87 4 0
                                    

Love's Theory
Part 35

"နင်တို့နော် ငါ့ပြောတာ နင်တို့ကျမှ ဝဋ်လည်မယ်"

"အခုတော့မလည်သေးဘူး ကားပေါ်ကဆင်းတော့ နင့်အိမ်ရောက်ပြီ"

"ဆင်းပြီ"

နန်းလည်း စောင့်စောင့်ငေါင့်ငေါင့်ပြောရင်းက ကားပေါ်ကဆင်းလာလိုက်သည်

အိမ်ထဲဝင်တော့ ဧည့်ခန်းမှာ ဘယ်သူမှမရှိတာမို့ နန်းလည်း

"အမေ အဖေ သမီးလာလည်တယ် "လို့ အသံပေးရင်း နာရီက၈နာရီထိုးကြောင်း ပြနေသည်မို့ အမေနဲ့အဖေရှိမယ်လို့ထင်သည့် မီးဖိုခန်းထဲရောက်တော့....

တွေ့လိုက်တာက မီးဖိုခန်းထဲမှာ အဖေနဲ့အမေတင်မကပဲ နောက်ထပ်လူပိုတစ်ယောက်

နောက်ကျောပေးထားသည်မို့ နန်းလည်း ခုနကလို အော်မပြောတော့

အဖေနဲ့အမေကလည်း နန်းကိုလှမ်းကြည့်လျက်

"ဧည့်သည်ရောက်နေတာလား အမေနဲ့အဖေ"
လို့ပြောရင်း ဧည့်သည်မျက်နှာတွေ့အောင် စပ်စုမို့လာသည့်နန်း ဧည့်သည်မျက်နှာတွေ့တော့ ကြောင်သွားရင်း

"ဘာကြောင်နေတာလဲ ဒီမျက်နှာမမြင်ဖူးလိူ့လား"ဆိုတဲ့ ဆရာ့အသံကြားမှ

သတိပြန်ဝင်လာပြီး

"ဆရာဘာလို့ ဒီအိမ်ကိုလာတာလဲ"

"ဟဲ့ သမီး ကိုယ့်ယောကျာ်းကိုယ် အဲ့လိုမပြောရဘူးလေ"ဆိုတဲ့အသံနဲ့အတူ နန်းခေါင်းအပေါ်ရောက်လာတဲ့ အမေ့ရဲ့လက်စာ...

အကြာကြီးနေမှတွေ့ရတဲ့သမီးလေးကို ပေးတဲ့အမေ့ရဲလက်ဆောင်ပေါ့

ထပ်ပြောရင် ထပ်ထုခံရမှာလေ အဲ့တာကြောင့် ထပ်မပြောပဲ ဆရာ့ကိုမျက်စောင်းပဲလှမ်းထိုးတော့

"နန်းသီရိ နင့်မျက်လုံးတွေ အခုချက်ချင်းပြင်စမ်း နင့်အကြောင်း ငါမသိဘူးများမှတ်နေလား"

နန်းလည်းမျက်စောင်းထပ်မထိုးရဲတော့

တစ်ဦးတည်းသောစစ်ကူဖြစ်မယ့် အဖေ့ကို သနားစဖွယ်မျက်လုံးနဲ့ကြည့်တော့မှ

"မိန်းမရယ် သူတိူ့လင်မယားသူတို့ဘာသာပြောချင်သလိုပြော လုပ်ချင်သလိုလုပ်ပေါ့ မင်းနဲ့ဘာဆိုင်လို့လဲ လာ သမီးလာ သမီးကြိုက်တဲ့ဟင်း ဒီနေ့ချက်ထားတယ် သမီးလာမှန်း သမီးအမေကကြိုသိနေတော့ သူ့မှာ အမြန်ပြေးဝယ် ချက်ထားတာ"

Love's Theory (Love S2)Where stories live. Discover now