Part 14

87 5 0
                                    

🖤Love's Theory
အချစ်သီအိုရီ 🖤

Part 14

“အဆင်ပြေတာပေါ့ မ ကျွန်တော် သူငယ်ချင်းတွေကိုလည်း Inviteပေးပါ့မယ်”

“ကျေးဇူးပါ”

ကောင်းစိတ်ထဲ အပျော်တွေစိုးမိုးလျက် သူ့ရဲ့ideal typeကိုမမဆိုပြီး ထားထားတာမလား အခု သူညီမလေးလို့ထင်ထားတဲ့သူက မမဆိုတော့...

နန်းလည်း သူပစ္စည်းထုတ်ပေးပြီး ပိုက်ဆံရှင်းပြီးထွက်မသွားသေးတဲ့ကောင်လေးကြောင့်

"ဘာကျန်သေးလဲဟင် မောင်လေး"

ကောင်း မ ပြောမှ  သတိပြန်ဝင်လာပြီး ခေါင်းလေးကုပ်ကာ

"ဘာမှမကျန်ပါဘူး မ ဒါဆိုသွားခွင့်ပြုပါအုံး"

"ကျေးဇူးပါ နောက်လည်းလာအားပေးပါအုံး"

"အဲ့တာတော့ ပူစရာမလိုဘူး မ ထပ်လာအားပေးမှာပါ"

ကောင်လေးထွက်သွားတော့မှ နန်းလည်း ဒီကောင်လေးပုံစံတစ်မျိုးပဲလို့တွေးရင်း လုပ်လက်စပြန်လုပ်လျက်

....
"ဒီနေ့ အရေးပေါ် Meetingခေါ်တာက ပြောစရာလေးရှိလို့ပါ အားလုံးရဲ့သဘောတူစရာလေးရှိလို့ပါ"လို့ပြောလိုက်တဲ့ တွဲဖက်ပါမောက္ခက ရဲရင့်ကို လှမ်းကြည့်ရင်း ဆက်ပြောရမပြောရကြည့်နေတာကြောင့်

ရဲရင့်လည်း ပြော ဆိုတဲ့ ခေါင်းငြိမ့်ပြလိုက်မှ

"တခြားmajorတွေဆို နှစ်တိုင်း fieldဆင်းတာတို့ လေ့လာရေးခရီးတို့ဆိုပြီး နယ်ဘက်ကိုခရီးသွားကြပါတယ် ကျွန်တော်တို့ Majorကျတော့ fieldဆင်းရင်အမြဲရန်ကုန်မြို့တွင်းပဲသွားနေရတော့ ကလေးတွေက အတန်းဖော် senior juniorတွေနဲ့အတူ ခရီးလေးထွက်ချင်လို့ ဆရာတို့ဦးဆောင်ပေးပါဆိုပြီး ကျွန်တော့်ကို IC Familyရဲ့ဥက္ကဠက လာတောင်းဆိုထားလို့ပါ ဆရာတို့အနေနဲ့ လုပ်ချင်မလုပ်ချင်ပေါ့ ကျွန်တော်ကတော့ လုပ်ပေးချင်ပါတယ် အကြီးအကဲဖြစ်တဲ့ဌာနမှူးနဲ့ ပါမောက္ခရဲ့ဆန္ဒနဲ့ တခြားသူတွေရဲ့ဆန္ဒကရော"

ရဲရင့်ကတော့ သိပ်ဂရုမစိုက်တဲ့ပုံ

သူဆိုတာ ကျောင်းသားတွေကို အချိန်ပိုရင်ပိုသလို စာရှင်းပြ စာသင်ချင်တဲ့သူ

Love's Theory (Love S2)Where stories live. Discover now