🖤Love's Theory
အချစ်သီအိုရီ🖤Part 24
နန်းတို့ရယ်မောလျက် ဆရာတွေက ကားပေါ်တက်ဖို့ ခေါ်နေတော့
"နန်း ခေါ်နေပြီ သွားတော့ အခန်းမရတာဘာညာဆိုလှမ်းဆက်လိုက်နော် ကိုကြီးလုပ်ပေးမယ်"
"ဟုတ်သွားပြီနော် Bye Bye ကိုကြီးနဲ့မမတို့"
နန်းတို့အဖွဲ့ အခန်းတွေရလိုက်တာမို့ လူအရေအတွက်တိုင်း အိပ်တော့ နန်းကဆရာမတွေနဲ့တစ်ခန်း
ထမင်းလည်း မစားရသေး ရေလည်းမချိုးရသေးတာမို့
တည်းခိုခန်းက ရေချိုးခန်းဆိုတဲ့နေရာကို နန်းလည်း ရေချိုးဖို့လိုအပ်တဲ့ဟာတွေယူပြီး ထွက်လာဖို့လုပ်ရင်း
ဆရာမတွေကတော့ ရေချိူးမည့်ပုံမပေါ် လှဲနေကြသည်
"ဆရာမ နန်းရေသွားချိုးမယ်နော်"
"အင်း သွားချိုး သမီး ဆရာမတို့တော့ ခဏလှဲနေအုံးမယ်"
"နန်းသီရီတစ်ယောက်တည်းလား ဒါဆို ဆရာမလိုက်ခဲ့မယ် ခဏစောင့်"ဆိုပြီး မေလည်း ပစ္စည်းတွေယူရင်း ရေချိုးခန်းနေရာသို့ ထွက်လာလိုက်သည်
ရေချိုးခန်းရှေ့ရောက်မှ ရေချိုးတာ တစ်ခါချိုး၅၀၀တဲ့ နန်းက ရေချိုးခန်းနဲ့တည်းခိုခန်းတွဲရက်ဆိုတော့ ပိုက်ဆံမယူဘူးထင်တာ အခုအဲ့လိုကျတော့ ရေချိုးခန်းထဲဝင်ဖို့ လူစောင့်နေရင်း နန်းစဥ်းစားလျက်
ရဲရင့် ရေချိုးဖို့ထွက်လာရင်း လူများနေတာကြောင့် သူ့အလှည့်စောင့်နေရင်း သူ့လိုလာစောင့်နေတာက သူ့မိန်းမလေး
လက်ထဲကြည့်တော့ သူ့ပစ္စည်းတွေနဲ့ပြည့်လျက်
နန်း ဘေးနားကဆရာမမေဆီက ချေးရင်ကောင်းမလား စဥ်းစားနေတုန်း ဆရာ့ကိုတွေ့တော့ မျက်နှာမှာ အပြုံးတွေပွင့်ပြီး ခြေလှမ်းများက
ဆရာ့ဆီကိုယ့်ယောကျ်ားရဲ့အချစ်ဦးဆီက ပိုက်ဆံချေး
မယ့်အစား ယောကျ်ားဆီကပဲ လက်ဖြန့်တောင်းတာ ဟုတ်သေးတယ်လေယောကျ်ားလေး မိန်းကလေးခွဲထားတာကို သူမက ဒီဘက်ကို တည့်တည့်လျှောက်လာတော့ တခြားယောကျ်ားလေးတွေက သူမကို ငေးလျက် သူမကိုကြည့်နေတဲ့ယောကျ်ားတိုင်းရဲ့မျက်လုံးကို ဖောက်ပစ်ချင်နေတာ သူ့ကိုယ်စောင့်နတ်ကလွဲ ဘယ်သူသိမှာလဲ
YOU ARE READING
Love's Theory (Love S2)
Romanceသင်ခန်းစာနဲ့ပတ်သတ်တဲ့သီအိုရီမှန်သမျှကို နှောင့်နှေးခြင်းမရှိပဲ ပြတ်သားစွာရှင်းလင်းနိုင်တဲ့ ပါမောက္ခတစ်ယောက်ဖြစ်သော ရဲရင့်သွေး အဖေလုပ်သူက ကျောင်းဆရာတစ်ယောက်မို့စည်းကမ်းကြီးသည့်အလျောက် အဖေ့လိုစည်းကမ်းကြီးသောအဖေ့တပည့်သည် မိမိရဲ့ဆရာဖြစ်လာမည့်အတွက် စိုး...