Love's Theory
Part 37"သမီးနဲ့အတူ အမေက လိုက်ခဲ့ပေး ဒေါ်ပုကလည်း မနားရတာကြာပြီမလား အေးအေးဆေးရွာပြန်နားပါ ကျွန်မ လတိုင်းထောက်ပံ့ပါ့မယ်"
"ကောင်းပြီလေ ဒါဆို မနက်ဖြန်ကျ အကြောင်းပြချက်တွေပေးပြီး ရှောင်ကြ တာပေါ့"
"ကျေးဇူးပါအမေ ဒါကမှ သမီးချွေးမကို သမီးစစ်ချင်တဲ့စာမေးပွဲပါ"
"ထားပါ ငါ့မြေးတွေအတွက် ငါ ဘာမဆိုလုပ်ပေးနိုင်တယ်"
တီ.....တီ......တီ......တီ(နှိုးစက်မြည်သံ)
နှိုးစက်သံကြောင့် ရဲရင့်လည်း အိပ်နေရာမှထပြီး ဘေးနားကြည့်လိုက်တော့ ဒီလောက်ကျယ်တဲ့နှိုးစက်သံတောင်အနှောင့်အယှက်ဖြစ်ပုံမရ အိပ်နေတဲ့ သူ့မိန်းမလေး
"နန်း နန်း ထတော့လေ"
"ဘာဖြစ်လို့လဲ ဆရာရဲ့ အစောကြီးပဲရှိသေးတာကို ဒီနေ့ကျောင်းသွားဖို့မှမလိုတာ"
"ကျောင်းသွားဖို့မလိုတာကဟုတ်တယ်လေ ဒါမယ့် နန်းမှာ အမေ့ရဲ့စာမေးပွဲရှိတယ်လေ"
"အမေက နန်းကို မနက်စာချက်ဖို့ပဲပြောတာလေ အစောကြီးထဖို့မှမဟုတ်တာ ပြီးတော့ မနက်၅နာရီပဲရှိသေးတာကို"
"မနက်၅နာရီထိုးနေလို့ နန်းကိုနှိုးနေရတာလေ အမေနဲ့အဖွားက၆နာရီဆိုထပြီလေ အမေနဲ့အဖွားမထခင် နန်းနဲ့ကိုယ်က မနက်စာပြင်လို့ပြီးနေရမယ်လေ ဒါမှ နန်းမချက်တတ်မှန်း အမေတို့မသိမှာပေါ့"
"ဆရာ့နည်းလမ်းကအရမ်းပျင်းဖို့ကောင်းတာပဲ ဒီလိုနည်းလမ်းတွေကို နန်းအရင်က ရုပ်ရှပ်ထဲမှာပဲရှိတယ်ထင်ခဲ့တာ"
"အဲ့တာကရုပ်ရှင်ဟုတ်မဟုတ် ကိုယ်မသိဘူး ဒါမယ့် နန်းအခုထရမယ် အိပ်ဖို့အချိန်မဟုတ်ဘူး အိပ်ချင်တယ်ဆိုရင်လည်း အမေနဲ့အဖွားကိုလေဆိပ်ပို့ပြီးမှအိပ်"
"ဟုတ် ဟုတ် နန်းထပြီ"ဆိုပြီး ရေချိုးခန်းထဲဝင်သွားတဲ့နန်း
အိပ်ချင်မူးတူးနဲ့ရေချိုးခန်းထဲဝင်သွားတဲ့မိန်းမလေးကိုကြည့်ပြီး ရဲရင့်လည်း သူ့ကိုယ်သူရယ်နေမိသည်
သူမလေးနဲ့မခွဲချင်လို့ သူ့ခမျာ တစ်ခါမှမလိမ်ဖူးတဲ့အမေနဲ့အဖွားတောင်လိမ်နေရသည်မလား....
YOU ARE READING
Love's Theory (Love S2)
Romanceသင်ခန်းစာနဲ့ပတ်သတ်တဲ့သီအိုရီမှန်သမျှကို နှောင့်နှေးခြင်းမရှိပဲ ပြတ်သားစွာရှင်းလင်းနိုင်တဲ့ ပါမောက္ခတစ်ယောက်ဖြစ်သော ရဲရင့်သွေး အဖေလုပ်သူက ကျောင်းဆရာတစ်ယောက်မို့စည်းကမ်းကြီးသည့်အလျောက် အဖေ့လိုစည်းကမ်းကြီးသောအဖေ့တပည့်သည် မိမိရဲ့ဆရာဖြစ်လာမည့်အတွက် စိုး...