Part 40

119 5 0
                                    

Love's Theory

Part 40

"နန်း"

"ပြောလေ"

နန်းရဲ့ပြောလေ ဆိုတဲ့စကားနောက်မှာ ပျိုနဲ့လွှာက နှင်းပြောသမျှကို ဖောက်သည်ချလိုက်လေတော့

"အွန်း ငါသိပြီ ကိုမိုးဦး တော်တော်ခံစားရမှာ"

"ဟုတ်တယ်"

"ငါ သွားပြောပေးမယ် ပြီးရင်အကြောင်းအရင်းတွေအကုန် နင်တို့ကိုပြန်ပြောပေးမယ် ဟုတ်ပြီလား"

"အင်း"

"ဒါဆို ဖုန်းချလိုက်ပြီနော်"

"အွန်း bye bye"

ဖုန်းချသွားတာနဲ့ နန်းလည်း lineဖွင့်ပြီး messengerက ကိုမိုးဦး accountလေး activeဖြစ်မဖြစ် သွားကြည့်လျက်...

နှင်းရဲ့ကိစ္စဆိုတာ နန်းရဲ့ကိစ္စပဲလေ အခုနှင်းရင်မှာ ပူလောင်နေမှာဖြစ်သလို နန်းရဲ့ရင်မှာလည်း နှင်းထက်တော့ မလျော့တဲ့အပူနဲ့ပါ

ကိုယ့်စိတ်နဲ့ကိုယ်မို့ ခုနကဆရာနဲ့စကားပြောနေတာကိုလည်း မေ့ ဆရာ နန်းဘေးနားလျှောက်လာတာကိုလည်း မေ့လျက်ပေါ့

ရဲရင့်လည်း ဖုန်းပြောပြီးသွားတည်းက ရုပ်ပြောင်းသွားတဲ့နန်းကြောင့် ဘာလုပ်နေလဲ အကဲခတ်မို့ ဘေးနားလျှောက်လာရင်း

"နန်း ဖုန်း ဘာလို့ကိုင်နေတာလဲ ကိုယ် စာလုပ်မယ်လို့ပြောနေတယ်လေ" အကဲခတ်လျက် စကားစလိုက်ခြင်းပင်

"နှင်းရဲ့ကိုငယ်က အိမ်နဲ့ပြဿနာဖြစ်လို့တဲ့ တစ်ခါမှအဲ့လောက် အကြီးအကျယ်မဖြစ်ဖူးဘူးလေ ဒါကြောင့် ကိုမိုးဦး တစ်ခုခုလျှောက်လုပ်မှာစိုးလို့ စကားသွားပြောကြည့်မို့"

ဒါက သူတို့အိမ်တွင်းရေးလေ နန်းဝင်မပါသင့်ဘူး နန်းနဲ့ဆိုင်တဲ့ စာကိုပဲ နန်းလုပ်သင့်တယ်"

"ဆရာကလည်း နန်း စာမလုပ်ဘူးမပြောဘူးလေ မနက်ဖြန်လုပ်မယ်လို့ အစတည်းကပြောထားသားပဲ ပြီးတော့ ဒါကနှင်းရဲ့အိမ်တွင်းရေးပဲမဟုတ်ဘူး နှင်းနဲ့ပတ်သတ်ရင် နန်းနဲ့လည်း ဆိုင်တယ် ဒါကြောင့် နန်းဝင်ပြောပေးရမှာပဲ"

"နန်း ကိုယ့်ကို ဘယ်လိုလေသံနဲ့ပြောတာလဲ"

ဟုတ်ပါသည် နန်းလေသံမာသွားခဲ့သည်ကအမှန် ဆရာ့ရဲ့ ဒါက နှင်းတို့အိမ်တွင်းရေး နန်းနဲ့မဆိုင်လို့ဝင်မပါသင့်ကြောင်းပြောလာရ်ျကြောင့်

Love's Theory (Love S2)Where stories live. Discover now