Love’s Theory
Final part
မနက်နိုးတော့ အခန်းတံခါးကပွင့်နေသည်မလား ဆရာ သော့ဖြင့်ဖွင့်ထားတာဖြစ်ရမည်
ဒါကြောင့် သော့ယူပြီး အဝတ်အစားတချို့နဲ့စာအုပ်တွေပါ အဖွားအခန်းထဲရွှေ့ထားလိုက်သည် အပြင်လည်းမသွားချင်တာမို့ Deliနဲ့ပဲ နေ့လည်စာမှာစားလိုက်ရင်း အခန်းထဲစာလုပ်လျက်ပေါ့……
ရဲရင့်ကျောင်းမှာ အလုပ်လုပ်ရင်းနာရီကြည့်လိုက်တော့ နေ့လည်စာစားချိန်လည်း ရောက်နေပြီဖြစ်သည်
တခြားဆရာတွေ ထမင်းစားဖို့ ခေါ်တာတောင်မလိုက်မိ ခါတိုင်းလိုကျောင်းမှာမပြီးတဲ့အလုပ်ကို အိမ်မှာလုပ်လို့ မရဘူးလေ အိမ်မှာက သူ့ရဲ့မိန်းမလေးကို စာလုပ်ပေးရမည်မလား ဒါကြောင့် လုပ်လက်စကိုပဲ အာရုံစိုက်ကာ ဆက်လုပ်မြဲပေါ့…….
စာဆိုတာ လုပ်မယ်ဆိုတိုင်း တစ်ဆက်တည်းလုပ်လို့မရဘူးလေ စာလုပ်လိုက်အပန်းဖြေလိုက်ပေါ့…..
နန်း၂နာရီလောက်စာလုပ်ပြီး အိပ်ပျော်သွားသည်က နာရီကြည့်တော့ ၄နာရီပင်ထိုးတော့မည်
ဆရာက ခါတိုင်းဆို ၃နာရီဆိုပြန်လာတတ်သည်မလား ဆရာ့ကို ရှောင်ပြီးနေချင်သည်မို့ ဆရာရောက်မရောက် အပေါ်ထပ်က လှမ်းကြည့်လိုက်တော့ ဆရာ့ကား ခြံထဲမရှိ ဒါကြောင့်နန်းလည်း အောက်ထပ်မှာ နန်းညစာ
အဖြစ်စားလို့ရအောင် ခေါက်ဆွဲဘူးလာယူတာပေါ့နန်း ရေနွေးထည့်ပြီး အပေါ်တက်ဖို့လုပ်တော့ ကြားလိုက်ရတဲ့ဆရာ့ကားသံ လက်ထဲခေါက်ဆွဲပြုတ်အပူကြီးကို ပူမှန်းတောင်သတိမထားမိ အပေါ်ထပ်ကိုပြေးလျက်….
ဆရာပဲလျင်သည်လား နန်းပဲနှေးသည်လားမသိ
“နန်း”
ဆရာက နန်းပဲခေါ်လိုက်တာပါ နန်းမှာတော့
အပြစ်လုပ်ထားသည့်လူအတိုင်း ခြေလှမ်းများတောင်
မငြိမ်ပဲ လှေကားပေါ်ကနေ နောက်လန်ပြုတ်ကျလာတဲ့နန်းရဲရင့်လည်း သူ့မိန်းမလေးက သူ့ကိုမနှုတ်ဆက်ပဲအပေါ်ကိုပြေးတက်သွားသည်မို့ ခေါ်လိုက်ခြင်း
ပါမောက္ခဆိုသည့်အတိုင်း သူ့အသံက
သြဇာညောင်းနေသည်က သူလည်းမတတ်နိုင်
YOU ARE READING
Love's Theory (Love S2)
Romanceသင်ခန်းစာနဲ့ပတ်သတ်တဲ့သီအိုရီမှန်သမျှကို နှောင့်နှေးခြင်းမရှိပဲ ပြတ်သားစွာရှင်းလင်းနိုင်တဲ့ ပါမောက္ခတစ်ယောက်ဖြစ်သော ရဲရင့်သွေး အဖေလုပ်သူက ကျောင်းဆရာတစ်ယောက်မို့စည်းကမ်းကြီးသည့်အလျောက် အဖေ့လိုစည်းကမ်းကြီးသောအဖေ့တပည့်သည် မိမိရဲ့ဆရာဖြစ်လာမည့်အတွက် စိုး...