Part 17

76 4 0
                                    

🖤Love’s Theory
အချစ်သီအိုရီ🖤

Part 17

ကောင်းရှာနေရင်း Major Pageက တင်ထားတဲ့ ခရီးသွားဖို့ voteခိုင်းထားတဲ့Postအောက်မှာ မန့်ထားတာ၂နာရီလောက်ပဲရှိသေးတယ်

react100ကျော်ရနေတာမို့ စပ်စုတဲ့သူ့စိတ်က သေချာဖတ်ကြည့်တော့

‘IC Major ရဲ့ Princessတစ်ပါးဖြစ်တဲ့  ကျောင်းမှာလက်ရှိMaterတက်နေတဲ့ မမနန်းသီရိနဲ့အတူ ခရီးသွားချင်ရင် ကျိုက်ထီးရိုး စိမ်းလဲ့တင် ပဲခူးဘုရားနေရာကိုပဲ Voteနော် မမနန်းကို အဲ့ကိုသွားချင်လို့တဲ့’

နန်းသီရိဆိုတဲ့အမရဲ့Accကို Mentionပြီး မန့်ထားတဲ့ပုံ

အဲ့commentရဲ့replyတွေမှာလည်း မမအတွက်ဆိုလုပ်ပေးရမှာပေါ့ ဘာညာနဲ့ ကောင်လေးမျိုးစုံ

အဲ့အမကြည့်ရတာ တော်တော်ချောမယ့်ပုံပဲ သူ့Accလေးကို mentionလိုက်ရုံနဲ့ reactတွေreplyတွေနဲ့ပွဲစည်နေတာမလား

သူလည်း ယောကျာ်းသားပဲလေ ရင်ထဲမှာ မမရှိတယ်ဆိုပေမယ့် ဘယ်သူလဲဆိုတာသိချင်၍ အဲ့Accထဲဝင်ကြည့်ဖို့ ထောက်လိုက်တော့

ချပ်(စ်) …..(မီးအောက်သွားတာပါ)😅

မီးအောက်သွားတော့ wifiပါပိတ်သွားတော့ အဝိုင်းလေးလည်ဆဲ…

သူလည်း မီးအိမ်သွားဖွင့်ပြီး ကုတင်ပေါ်ပြန်ထိုင်ပြီး wifiပိတ် Mobile Dataလေးဖွင့်ပြီး ကြည့်လိုက်တော့

တွေ့လိုက်ရတဲ့ပုံကြောင့် သူ့မှာချက်ချင်း လန့်သွားလျက်

ပထမကတော့ ဒီလောက်ကြိုက်တဲ့သူများတော့ သူ့ကိုကြိုက်တဲ့ကောင်လေးတွေရင်ပူနေရှာမှာပဲဆိုပြီး ဖွင့်ကြည့်ပေမယ့်

အခုသူလည်း အဲ့ကောင်လေးတွေထဲက တစ်ယောက်ဖြစ်သွားတာမလား

စိတ်တွေပူသွားသလို အသိစိတ်ကခိုင်းစရာမလိုပဲ လက်က Add Friendဆိုတဲ့နေရာကို နှိပ်မိပြီးသား……..

ပြီးတော့ မမနဲ့အတူ ခရီးထွက်ရဖို့ မမသွားချင်တယ်ဆိုတဲ့ ကျိုက်ထီးရိုးဘုရားဖူးခရီးစဉ်လေးကို  သွားvoteပြီး မမရဲ့Accထဲ ဝင်ကြည့်နေမိသည်

မမက တော်ရုံတန်ရုံတော့ Postတင်တတ်တဲ့သူမဟုတ်  

သူမတင်ထားတာတွေကလည်း အခါကြီးရက်ကြီးတွေမှာ သူငယ်ချင်းတွေနဲ့လျှောက်လည်တဲ့ပုံ ခရီးထွက်တဲ့ပုံတွေ

Love's Theory (Love S2)Where stories live. Discover now