Part 22

74 5 0
                                    

🖤Love's Theory
အချစ်သီအိုရီ 🖤

Part 22

"နှီးဘုရားကို အရင်သွားဖူးတာ အဲ့မှာဖူးပြီးမှ ပြန်ကွေ့လာမှာ တောင်ခြေမှာ ညအိပ်ပြီး မနက်ကျမှတောင်ပေါ်တက်မှာမို့လေ"

"အော် ဟုတ်"

ကောင်း မမနားမထိုင်ရပေမယ့် မမကို လှမ်းလှမ်းကြည့်နေမိလျက်

မမကတော့ သူ့ဖုန်းကိုပဲ သူကြည့်လျက်...

ဒါပေမယ့်လည်း ပြသာနာမဟုတ်ဘူးလေ မနက်က မမနဲ့အတူဘုရားဖူးရမည်မလား ပြီးတော့ မမက မစေ့စပ်ရသေးဘူးလေ

ကောင်း သူ့အတွေးနှင့်သူပြုံးလျက်

"ဒါနဲ့ဆရာ နှီးနဲ့ဆောက်ထားလို့လားဟင်"

"မဟုတ်ဘူး ဘုရားရဲ့ဘွဲ့တော်က ဒီတိုင်း ထိုင်တော်မူဘုရားပဲ ကမ္ဘာ့အကြီးဆုံးလေ  အကြမ်းထဲကနှီးနဲ့ဆောက်ထားတာ"

"အော် ဟုတ်"

ကားလည်း ဘုရားဝင်းထဲရပ်ဖို့ လုပ်နေသည်မို့

"ခဏလေး ဘုရားရင်ပြင်က ရှုခင်းလှတယ် ကိုယ့်အနားမှာပဲနေ ဓာတ်ပုံရိုက်ပေးလို့ရတယ်"

နန်း အပြင်က ခေါင်းငြိမ့်လိုက်ပေမယ့် စိတ်ထဲမှာတော့ ဆရာဂေါက်သွားတာလားပေါ့.....

နန်းကို အဲ့လိုချိုချိုသာသာ ဘယ်နှခါပြောဖူးလို့လဲ???

နန်းလည်း လွယ်အိတ်လေးလွယ်လိုက်သည်

ဆရာ့အနွေးထည်တော့မချွတ်မိ ကားထဲမှာတောင်အေးတယ်ဆိုတော့ အပြင်မှာလည်း အေးမှာစိုးရျ်...

ဆရာကတော့ ကားဆင်းမယ့်နားသွားရပ်ပြီး

အိပ်နေကြပေမယ့် ကားရပ်လိုက်တာကြောင့် အကုန်လုံးက ကင်းမွန်စခန်းတောင်ခြေရောက်ပြီထင်ပြီး ထလာကြတာကြောင့်

"အခုရောက်နေတာက ကမ္ဘာ့အကြီးဆုံးထိုင်တော်မူဘုရားပဲ အခုမှညနေ၆နာရီပဲရှိသေးတာဆိုတော့ တောင်ခြေကိုတိုက်ရိုက်သွားရင် ဒီတိုင်းပဲနေနေရမယ့်အတူ ဒီဘုရားကိုဝင်ခိုင်းထားတာ ညနည်းနည်းမှောင်နေပြီဆိုတော့ အဝေးကိုရှင်းရှင်းလင်းလင်းမမြင်ရပေမယ့် ဓာတ်ပုံရိုက်ဖို့အနေတော်ပဲလေ မနက်အရုဏ်တက်လိုပဲပေါ့ ၁နာရီအချိန်ပေးမယ်နော် ၇နာရီကွက်တိဆို ကားပေါ်ရောက်နေရမယ် ကိုယ့်အဖွဲ့ရဲ့ထိန်းသိမ်းမယ့်ဆရာနဲ့အတူသွားကြပါ ဆရာ့အဖွဲ့ကလူတွေကတော့ ကားပေါ်မှာနေနှင့်အုံး တခြားသူတွေအရင်ဆင်းပါစေ"

Love's Theory (Love S2)Where stories live. Discover now