🖤Love's Theory
အချစ်သီအိုရီ 🖤Part 19
ရဲရင့် နိုးတည်းက မူမမှန်တာဖြစ်ပျက်ခဲ့တာကိုမေးခွန်းမထုတ်နိုင်ပဲ ခရီးပစ္စည်းတွေထုတ်နေတဲ့သူမကို ခေါင်းခါရင်း သူမကပဲ သူ့ကိုယောကျာ်းတစ်ယောက်လို့ အစတည်းက သဘောထားထားတာမို့ ဒီကိစ္စနဲ့ပတ်သတ်ပြီး သူ့အပေါ်အပြစ်မယူတာလားလို့လည်းတွေးမိသည်
နန်း ပစ္စည်းတွေအကုန်ထည့်ပြီးပြီဆိုမှထွက်လာတော့ ဆရာကလည်း သူ့အထုပ်သူကိုင်ပြီး နန်းအနောက်က....
မနက်စာစားဖို့ ထိုင်တော့
ဒေါ်အနီရင့် သူ့အကြံတိုင်းဆို မနေ့ညက တစ်ခုခုဖြစ်ခဲ့ရမှာလေ အခုမြေးနှစ်ယောက်ရဲ့ပုံစံက ခါတိုင်းလို အေးတိအေးစက် ဘာမှမဖြစ်ထားသည့်ပုံတွေ
စိတ်ထဲမှာ တွေးရင်း ဟုတ်ပါ့မလားဆိုသည့်စိတ်ဖြင့် နှုတ်မှလည်း "ဘာမှမထူးခြားဘူးလား"ဆိုတဲ့စကားက ရှင်းလင်းစွာ....
နန်းမုန့်စားနေရင်း အဖွားရဲ့စကားကြောင့် ရုတ်တရက်သီးပြီး...
အတွေးတွေးက မနေ့ညဆီသို့
နန်းမနေ့ကအခန်းထဲဝင်တော့ မျက်ခွံတွေလေးလာတာမို့ မနက်ကျမှပစ္စည်းတွေထည့်မယ်ဆိုပြီး နန်းကလည်း နန်းဘာသာ ကုတင်ပေါ်မှာအိပ်သလို ဆရာကလည်းဆရာကြမ်းပြင်မှာအိပ်သည်
သို့ပေမယ့် နန်းနိုးလာတော့ နန်းကဆရာ့ရင်ခွင်ထဲမှာ
ဘယ်လိုဖြစ်မှန်းလည်း နန်းမမှတ်မိ
တစ်ခုခုတော့ဖြစ်ခဲ့တာတော့ သေချာသည် ဒါမယ့် ငြိစွန်းတယ် မှားသွားတယ် လို့လည်း ပြောမရ နှစ်ယောက်စလုံးရဲ့ပိုင်ရှင်တွေက နှစ်ယောက်စလုံးပဲမလား(ပြောချင်တာက လင်မယား😁 နားမလည်မှာစိုးလို့ ဘေးနားက တခါတည်း ဘာသာပြန်ပေးထားတာ)
ဒါကြောင့် နန်း ဆရာ့ကိုနှိုးတာတွေဘာတွေမလုပ်ပဲ ရေမိုးချိုးပြင်ဆင်နေခြင်း
နန်းပြင်ဆင်ပြီး ဆရာကနိုးလာတော့ မနေ့ကကိစ္စပြောမှာစိုးရျ် နန်းပစ္စည်းထည့်တာကိုပဲ အာရုံစိုက်နေဟန်ဆောင်ခြင်းပင်
အဲ့လိုမေ့ပျောက်ထားတဲ့အရာကို အဖွားကပြောလိုက်တော့ နန်းမျက်နှာ ဘယ်နားသွားထားရမှန်းမသိ
YOU ARE READING
Love's Theory (Love S2)
Romanceသင်ခန်းစာနဲ့ပတ်သတ်တဲ့သီအိုရီမှန်သမျှကို နှောင့်နှေးခြင်းမရှိပဲ ပြတ်သားစွာရှင်းလင်းနိုင်တဲ့ ပါမောက္ခတစ်ယောက်ဖြစ်သော ရဲရင့်သွေး အဖေလုပ်သူက ကျောင်းဆရာတစ်ယောက်မို့စည်းကမ်းကြီးသည့်အလျောက် အဖေ့လိုစည်းကမ်းကြီးသောအဖေ့တပည့်သည် မိမိရဲ့ဆရာဖြစ်လာမည့်အတွက် စိုး...