🖤Love's Theory
အချစ်သီအိုရီ 🖤Part 28
ဆရာနဲ့ညပိုင်း သွားရတာပျော်ဖို့ကောင်းသည်
ဓာတ်ပုံလည်းရိုက်ကြသည်
ဆရာကနန်းထက်ပိုသည် နှစ်ယောက်Selfieတူတူဆွဲလည်းရတာကို တစ်ကိုယ်လုံးပါချင်လို့ဆိုပြီး ဓါတ်ပုံဆရာငှားပြီး ရိုက်ရသေးသည်
ဘုရားကိုရွှေသင်္ကန်းကပ်တော့လည်း နှစ်ဖက်လူကြီးတွေအတွက် သက်သက်ကပ်သလို
(ရဲရင့်သွေး+နန်းသီရီ)ဆိုပြီး ဖြတ်ပိုင်းစာရွက်လိုချင်လို့ဆိုပြီး လှူသေးသည်နန်း လှူလို့ပြောတာမဟုတ် ပိုလွန်းလို့
ညဘက်ရောက်တော့ နန်းအိပ်နေရင်း ကုတင်ပေါ် တစ်ခုခုတက်လာသလို ခံစားရလို့ မျက်လုံးဖွင့်ကြည့်တော့ ဆရာ
မျက်လုံးကြီးမှိတ်ပြီး ကုတင်ပေါ်တက် စောင်ကိုသေချာခြုံပြီးကွေးနေတာ
"ဆရာ...ဆရာ.."
"အွန်း မိန်းမ ဘာလို့လဲ ကိုယ်မိန်းမကို မထိဘူးနော် အောက်မှာအိပ်ရတာအေးလို့ အပေါ်တက်အိပ်တာ"
အင်းပေါ့ အောက်က ကြမ်းပြင်ကြီးပဲလေ ဘာမှမခင်းထားဆိုတော့ အအေးဓါတ်ရှိတာပေါ့ ပြီးတော့ ဆရာ ကတိတည်ပါတယ် နန်းက အတူမအိပ်ဘူးပြောလို့ အေးလို့သာ အပေါ်မတက်ရပေမယ့် နန်းနားမကပ် သူ့ဘာသာကုတင်ထောင့်လေးမှာ စောင်ခြုံပြီးအိပ်နေတာ
"အော် ဟုတ်"
"မိန်းမလည်း အေးတယ်နော် စောင်သေချာခြုံအိပ်"
"ဟုတ်"လို့ဖြေပြီး နန်းလည်းအိပ်လိုက်သည်
တောင်အောက်ဆင်းတဲ့ကားက၅ခွဲလောက်ဆင်းတယ်ကြားလို့ ၅နာရီအတိဘုရားအပေါ်တက်ပြီး ဘုရားဖူး ဓါတ်ပုံရိုက်ပြီး မနက်စာမစားပဲ တောင်အောက်ပြန်ဆင်းဖို့ပင်
အေးအေးလေးနဲ့ဆိုတော့ အိပ်လို့ကောင်းရျ် အလန်းပေးထားသော်လည်း သူ့ချစ်ရတဲ့မိန်းမလေးက မနိုးသေး သူပဲအရင်ပြင်ဆင်လိုက်ပြီး သူပြင်ဆင်ပြီးမှ
"မိန်းမ ထ ထတော့နော် ၄နာရီခွဲနေပြီ"ဆိုပြီး လှုပ်နှိုးလိုက်မှ နန်းလည်း နိုးလာပြီး အဝတ်အစားလဲပြင်ဆင်လိုက်ပြီး နှစ်ယောက်သားအခန်းအပ်ကာ Luggageအိတ်တွေနဲ့ တည်းခိုခန်းရှေ့စောင့်နေလျက်
YOU ARE READING
Love's Theory (Love S2)
Romanceသင်ခန်းစာနဲ့ပတ်သတ်တဲ့သီအိုရီမှန်သမျှကို နှောင့်နှေးခြင်းမရှိပဲ ပြတ်သားစွာရှင်းလင်းနိုင်တဲ့ ပါမောက္ခတစ်ယောက်ဖြစ်သော ရဲရင့်သွေး အဖေလုပ်သူက ကျောင်းဆရာတစ်ယောက်မို့စည်းကမ်းကြီးသည့်အလျောက် အဖေ့လိုစည်းကမ်းကြီးသောအဖေ့တပည့်သည် မိမိရဲ့ဆရာဖြစ်လာမည့်အတွက် စိုး...