🖤Love's Theory
အချစ်သီအိုရီ 🖤Part 27
နန်းရဲ့မျက်နှာကလည်း သနားစဖွယ်ပုံစံမှ ဒေါသထွက်နေသောပုံဖြင့်
အကုန်လုံးက ဘုရားပေါ်တက်ဖို့ လျှောက်လာရင်း လှေကားအရှေ့လည်းရောက်တော့ ဆရာ့အိတ်ထဲကသော့ယူပြီး
"နန်း နေမကောင်းလို့ သွားအိပ်တော့မယ်နော် ဘုရားပေါ်မလိုက်တော့ဘူး"ပြောကာ တည်းခိုခန်းထဲ ဝင်သွားတဲ့နန်း
ကိုယ်အခုလာတာက ကျောင်းသားတွေနဲ့အတူလေ အများကိုပဲဦးစားပေးရမယ်လေ သူမက နေမကောင်းဘူးဆိုတော့ ဘာမှထပ်မပြောပဲ နေလိုက်သည်
လူက ကျောင်းသားတွေနဲ့အတူ လိုက်နေရပေမယ့် စိတ်ကတော့ နေမကောင်းဘူးဆိုပြီး အခန်းထဲဝင်သွားတဲ့နန်းဆီ
စိတ်ထဲမှာလည်း ကောက်သွားမှန်းသိသည်
ဝယ်ပေးမယ်ပြောထားတာကို မဝယ်ပေးရျ် ကောက်ပြီး ကျီးကန်းပါးစပ်က ပြန်တက်လာတော့ မတက်နိုင်လို့ ကိုင်ပေးထားတဲ့ သူ့လက်ကိုဖြုတ်ပြီး တခြားသူတွေနဲ့သွားတာ
နန်းလည်း အခန်းထဲနေပြီး နှင်းတို့ဆီဖုန်းမဆက်ရသေးလို့ ဆက်လိုက်တော့
"ပြောပါရှင့် သာယာနေပြီဆိုတော့ ကျွန်မတို့ကိုမေ့ပြီး ခုမှသတိရတာလား"
"မဟုတ်ပါဘူးဟာ နင်တို့ကလည်း"
"နန်း အခန်းထဲမှာ နင်တစ်ယောက်တည်းပဲလား တခြားသူတွေရော"လို့ပြောတာက နှင်း
"ဟုတ်တယ် နန်း နင့်အခန်းက ကျဥ်းနေသလိုပဲပြောတော့ Family roomငှားမယ်ဆို"
"ငှားတယ်လေ ကြိုပြီး bookingလုပ်ထားတယ်စရံလည်းချေပြီးသား အဲ့တာကိုမသိတဲ့ဝန်ထမ်းအသစ်က ကိုကြီးမိုးဦးလာငှားတာကိုပေးလိုက်တယ် အဲ့တော့ ငါတို့ကဘုံပျောက်သွားတယ်ကွယ် စရံချပြီးသားဆိုတော့ ဟိုတယ်ကပဲအခန်းပြန်ရှာပေးတယ် တောင်ခြေမှာတုန်းကအတင်ပြေပေမယ့် တောင်ပေါ်လည်းရောက်ရော အခန်းနဲ့လူကွက်တိဖြစ်ပြီး နှစ်ယောက်အတွက် နေရာမရှိဘူး အဲ့တော့ ငါနဲ့ဆရာက လင်မယားဆိုတာ ထုတ်ပြောပြီး အခန်းသက်သက်ယူလိုက်ရတယ်"
YOU ARE READING
Love's Theory (Love S2)
Romanceသင်ခန်းစာနဲ့ပတ်သတ်တဲ့သီအိုရီမှန်သမျှကို နှောင့်နှေးခြင်းမရှိပဲ ပြတ်သားစွာရှင်းလင်းနိုင်တဲ့ ပါမောက္ခတစ်ယောက်ဖြစ်သော ရဲရင့်သွေး အဖေလုပ်သူက ကျောင်းဆရာတစ်ယောက်မို့စည်းကမ်းကြီးသည့်အလျောက် အဖေ့လိုစည်းကမ်းကြီးသောအဖေ့တပည့်သည် မိမိရဲ့ဆရာဖြစ်လာမည့်အတွက် စိုး...