Part 29

77 6 0
                                    

🖤Love's Theory
အချစ်သီအိုရီ 🖤

Part 29

"သားလာကြိုလို့မရဘူး မေမေ သားကရန်ကုန်မှာမဟုတ်ဘူး"

"ဘယ်လို "

"ဟုတ်တယ်မေမေ သား ကျောင်းကသူတွေနဲ့ ခရီးသွားတာ ဖွားဖွားဆီဖုန်းဆက်ပေးမယ် မေမေ့ကိုလာကြိုရအောင်"

"မလိုဘူး ငါ့ဘာသာဆက်မယ် မင်းလည်း ပြန်ရောက်မှစာရင်းရှင်းကြတာပေါ့"

"ဟုတ် မေမေ"

နန်းလည်း ဆရာ့ပခုံးကိုမှီရင်းကနေထလိုက်ပြီး
"ဘယ်သူဆက်တာလဲ ဆရာ"

"ကိုယ့်အမေ"

"အန်တီကဘာပြောလို့ ဆရာကသက်ပြင်းချနေရတာလဲ"

"Hey. မင်းယောက္ခမလေ အမေလို့ခေါ်ရမှာပေါ့ ဘာအန်တီလဲ"

"ထားပါတော့ ဘာပြောလို့လဲ"

"အမေ နိုင်ငံခြားကနေ အိမ်ပြန်လာပြီ လေဆိပ်မှာ ကိုယ့်ကိုလာကြိုဖို့ ဖုန်းဆက်တာ"

"အော်.."

"မရောက်သေးဘူး အခုမှရန်ကုန်ဝင်တုန်းပဲရှိသေးတယ် ကျောင်းရောက်ဖို့ဆို လိုသေးတယ် အိပ်တော့"

"ဟုတ်"ဆိုပြီး နန်းလည်း ပြတင်းပေါက်ကိုပဲ မှီပြီးအိပ်နေတော့

နန်းနဲ့ခေါင်းလေးကို သူ့ပခုံးပေါ်တင်လိုက်တဲ့ဆရာ

နန်း ဆရာ့ရဲ့ပခုံးပေါ်ကနေမော့ကြည့်တော့

"ခုနလိုအိပ်ရင် ဇက်နာမှာစိုးလို့ ဒီလိုအိပ်"

နန်းလည်း ဘာမှထပ်မပြောတော့ပဲ အိပ်လိုက်သည်

ဆရာနဲ့နန်းလက်ထပ်ပြီးတယ်ဆိုပေမယ့် ဆရာ့ဘက်က မင်္ဂလာဦးညမှာပြောခဲ့တဲ့ လက်ထပ်ထားတာကျောင်းကလူတွေမသိစေချင်ဘူး ဆိုတဲ့စကားကြောင့် နန်းဘက်ကလည်း ဆရာ့ကိုပြန် ပညာပေးသင့်ပါတယ်

ပညာပြန်မပေးပဲ အခုလိုကြည်ဖြူနေတာက တခြားကြောင့်တော့မဟုတ်

နန်းတို့က အခုတခြားသူတွေနဲ့ခရီးသွားနေတာလေ နန်းတို့လင်မယားကြား ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတာ တခြားသူမသိစေချင်ရျ် အလိုက်သင့်နေခဲ့ခြင်း

Love's Theory (Love S2)Where stories live. Discover now