Part 31

84 6 0
                                    

🖤Love’s Theory
အချစ်သီအိုရီ🖤

Part 31

"ဘာညည်းလဲ ငါ့မြေးချွေးမလေးက ညည်းကို ကောင်းကောင်းမွန်မွန်ခွင့်တိုင်နေတာ ခွင့်ပေးလိုက်"

ဒေါ်အနီရင့်လည်းအော်လိုက်ရော

"ကောင်းပြီလေ အမေပြောလို့ တစ်ပတ်ကျော်အချိန်ပေးလိုက်မယ် အဲ့တာပြီးရင်တော့ မင်းစာမေးပွဲစစ်ခံရမယ် စာမေးပွဲအတွက် စာကျက်ဖို့အချိန်ပေးတယ် မှတ်လိုက်မယ်"

"ဟုတ်ကဲ့ ကျေးဇူးပါအမေ နန်းကို သွားခွင့်ပြုပါအုံး ဆိုင်သွားမို့ နောက်ကျနေပြီမို့"
ဆိုပြီး ထွက်သွားတဲ့နန်း

နန်းထွက်သွားတော့ ဒေါ်သွေးရင့်ချိုလည်း သားလုပ်သူနှင့်စကားပြောမို့ “ရဲရင့်…”လို့ပဲခေါ်ရသေး နာမည်တောင်မဆုံးချိန်မှာ…………

“သား နန်းကိုလိုက်ပို့ဖို့ သွားတော့မယ်နော် မေမေ”ဆိုပြီး ထပ်ထွက်သွားတာက ရဲရင့်
ဒေါ်သွေးရင့်ချို ပါးစပ်အဟောင်းသား………….

“တွေ့လား သွေးရင့်ချို ညည်းသားက အရင်ကကြောက်လှပါပြီရဲ့ နာခံလှပါပြီရဲ့ဆိုတဲ့ညည်းကိုတောင် သိပ်မမှုတော့ဘူး အဲ့တာက ငါ့မြေးမလိမ္မာတာမဟုတ်ဘူး ငါ့မြေးက သူနဲ့လိုက်ဖက်တဲ့သူကို သိရှိနားလည်သွားပြီး သူ့အချစ်ကိုပေးသွားတာ”လို့ သူ့အကြံအတိုင်းဖြစ်လာတဲ့အတွက် ခေါင်းမော့ ရင်ကော့ကာ အောင်နိုင်သူအပြုံးဖြင့်ပြောနေတဲ့ ဒေါ်အနီရင့်

“အခုတော့ အားလုံးက အမေ့အစီအစဉ်တိုင်းမို့ အမေပြုံးနိုင်တာပေါ့ အမေက ခြေတစ်လှမ်း ကျွန်မထက် ကြိုဦးသွားလို့ပါ ဒါမယ့် မုန်တိုင်းတွေက မပြီးသေးဘူးနော် အမေ အများကြီးကျန်သေးတယ်”

“ငါတော့ယုံကြည်တယ် ငါရွေးထားတဲ့မြေးချွေးမလေးက ညည်းရဲ့စာမေးပွဲဆိုတဲ့ဟာကို ဂုဏ်ထူးတင်မက အမှတ်အပြည့်နဲ့ပါ အောင်မယ်လို့ပေါ့”

“စောင့်ကြည့်ကြသေးတာပေါ့ အမေရယ်”
………..

နန်း ထွက်သွားတော့ ရဲရင့်လည်း နောက်ကလိုက်လာတာမလား

သူမက လမ်းလျှောက်ပြီး ကားမှတ်တိုင်သွားကာ BUSစီးဖို့ထင်သည် ဒါကြောင့် သူလည်း ကားကိုအမှီမောင်းပြီး သူမနောက်လိုက်ရတာပေါ့

Love's Theory (Love S2)Where stories live. Discover now