Part 38

82 4 0
                                    

Love's Theory

Part 38

"ဘယ်လိုသိရမှာလဲ သွေးရင့်ချို ငါက နင့်ကိုမွေးထားတဲ့နင့်အမေလေ မသိပဲနေမလား နငိလား သူတို့နှစ်ယောက်ကို တကယ်ခွဲချင်ရင် ငါ့ရှေ့မှာပြောစကားနားထောင်သလိုနဲ့ နောက်ကွယ်ကသွေးခွဲမှာကို"

"အမေကလည်း သမီးကအဲ့လောက်ရက်စက်တတ်နေလို့လား"

"ညည်းကစိတ်ထင်ရင်ထင်သလိုလုပ်တာလေ"

"အမေကလည်း"

........

"နန်း နန်း ထတော့"

"အမ် အင်း အွန်း ဆရာ ဘာဖြစ်လို့လဲဟင်"
ပြန်ထူးနည်းပေါင်းစုံဖြင့်နိုးလာတဲ့ အိပ်ချင်မူးတူး နန်း

"တကယ် ကလေးလေးတိုင်းပဲ ကိုယ့်ကိုယ်ကိုယိအသက်ကြီးနေပြီဆိုတာရော သိရဲ့လား ကြုံရာအရမ်းအိပ်တတ်တာပဲ"

"ဆရာ နန်းအတင်းဘာပြောနေတာလဲ"

အိပ်ချင်မူးတူးသာဖြစ်နေတာ သူ့မကောင်းပြောတော့ကြ ချက်ချင်းကြားတဲ့ မိန်းမလုပ်သူကိုကြည့်ပြီး သူလည်း ရယ်နေမိသည်

"ဆရာ ဘာရယ်နေတာလဲ"

"မရယ်ပါဘူး"

"ဒါနဲ့ ဆရာ အိမ်ကိုပြန်တာဟုတ်ဘူးလား နန်းတို့ဘယ်ရောက်နေတာလဲ"

မေးပါ့မလားလို့စောင့်နေတာ သူမက အိမ်ရောက်တယ်ထင်ပြီး တံခါးဖွင့်မှ အိမ်မဟုတ်လို့ တံခါးပြန်ပိတ်ပြီး ကိုယ့်ဘက်ပြန်လှည့်ပြီး မေးလာခြင်း

"Supermarketလေ စားစရာသောက်စရာဝယ်မို့
ကြီးပုက ပစ္စည်းနည်းနည်းပဲရှိတယ်ပြောလို့"

"အော် သွားမယ်လေ ဆရာ"

"အွန်း"

သူကတော့ ရှေ့က ကော့ကော့ ကိုယ့်မှာတော့ သူ့လက်ဆွဲချင်လို့ အနောက်ကလိုက်နေရတာ

အခုမှ သမီးရည်းစားဆို လက်ဆွဲတာအဓိကမဟုတ်ဘူးလို့တွေးမိတဲ့အရင်က ကိုယ့်ကိုယ်ကိုယ် ဘာလို့တွေးခဲ့မိလဲ ပြန်အမေးထုတ်ရမည့်ပုံ

ဆရာနဲ့နန်းဝင်လာတည်းက ဆရာက အသီးအရွက်တန်းသွားသလို နန်းသွားတာက အသင့်စားပစ္စည်းအတန်း

ရဲရင့် နောက်ကလိုက်ရင်း ကြည့်လိုက်တော့ သူမက ကိုယ့်အနားမဟုတ် ဘာယူမလဲဆိုတာ အနောက်လိုက်ကြည့်တော့ ကလေးသဖွယ်သရေစာကြိုက်ပြီး ခေါက်ဆွဲခြောက်တံဆိပ်မျိုးစုံယူနေတဲ့သူမ

Love's Theory (Love S2)Where stories live. Discover now