🖤Love's Theory
အချစ်သီအိုရီ 🖤Part 26
ကျန်တဲ့သူတွေနေတဲ့တည်းခိုခန်းက ရသေ့တောင်နှင့်နီးပြီး နန်းတို့ကျ ဘုရားပေါ်တက်တဲ့ဘက်နှင့်ပိုနီးသည်
နန်းကတော့ ဒီတိုင်းလွယ်အိတ်လေးလွယ်ပြီး သွားသလို ဆရာက သူ့အိတ်လည်းလွယ်ထားပြီးနန်းရဲ့luggageကိုပါကိုင်လျက်
ဟိုဆရာမေးသော နန်းတို့ဘယ်လိုလက်ထပ်ဖြစ်တယ်ဆိုတဲ့မေးခွန်းများကို အဖြေပေးလျက်
နန်းတို့ တည်းရမယ့် တည်းခိုခန်းအရှေ့လည်းရောက်ရော
"ကျွန်တော်တို့စုံစမ်းထားတာ ဒီအခန်း ဆရာ"
"အော် အွန်း သိပြီ ဒါဆို ကျွန်တော်တို့သွားတော့မယ်နော် ဘုရားဖူးမယ်ဘာညာဆို ဖုန်းဆက်လိုက် ကျွန်တော်တို့ ထွက်လာခဲ့လိုက်မယ်"
"ဟုတ်ကဲ့ပါ ဆရာ အေးဆေးနားလိုက်ပါ သူတို့ ၁နာရီ၂နာရီလောက်မှကျီးကန်းပါးစပ်ဆင်းတာတွေဘာတွေလုပ်မှာ"
"ဟုတ်ကဲ့ဆရာ "
တွဲဖက်ပါမောက္ခဆရာထွက်သွားမှ ဆရာက
"လာလေ အခန်းသွားငှားကြမယ် တော်ကြာ နှစ်ယောက်ခန်းတောင်မရပဲ ဘုရားပေါ်အိပ်နေရမယ်"
သူ့ဘာသာသူသွားရင် နန်းနောက်က လိုက်လာမှာပဲကို စိတ်ထဲကတော့ပြောပေမယ့် အပြင်မှာတော့မပြောရဲ
အခန်းငှားပြီး နန်းလည်း ကုတင်ပေါ် ထိုင်ချလိုက်သည်
သူက အိပ်ခန်းနဲ့ရေချိုးခန်းတွဲရက် ရေနွေးလိုချင်ရင် ကောင်တာကို၅မိနစ်သာကြိုပြောရုံဆိုတော့ အဆင်ပြေသည်
နန်း ခုနက ဆရာနဲ့နန်းအတူလာတာပါ တံခါးဖွင့်တာလည်း ဆရာပဲ
အခုတော့ အခန်းထဲ အိတ်တွေပဲရှိပြီး ဆရာမရှိ
နန်းတံခါးဖွင့်ပြီးကြည့်တော့ ဆရာနဲ့ဝန်ထမ်းအကို ဘာပြောနေမှန်းမသိ
ဒါကြောင့် နန်းလည်း တံခါးပိတ်ပြီး ကုတင်ပေါ် လှဲအိပ်လိုက်သည်
ဒီရက်ပိုင်း ဘယ်လိုဖြစ်မှန်းမသိ အလကားနေအိပ်ချင်နေသလို....
YOU ARE READING
Love's Theory (Love S2)
Romanceသင်ခန်းစာနဲ့ပတ်သတ်တဲ့သီအိုရီမှန်သမျှကို နှောင့်နှေးခြင်းမရှိပဲ ပြတ်သားစွာရှင်းလင်းနိုင်တဲ့ ပါမောက္ခတစ်ယောက်ဖြစ်သော ရဲရင့်သွေး အဖေလုပ်သူက ကျောင်းဆရာတစ်ယောက်မို့စည်းကမ်းကြီးသည့်အလျောက် အဖေ့လိုစည်းကမ်းကြီးသောအဖေ့တပည့်သည် မိမိရဲ့ဆရာဖြစ်လာမည့်အတွက် စိုး...