Part 13

93 7 0
                                    

🖤Love’s Theory
အချစ်သီအိုရီ🖤

Part 13

နှင်းတို့လေးယောက်ကလည်း အကြံကြီးချက်ပေအစတည်းက ပထမဆုံးနေ့မို့ လူမသိလို့မလာသေးလည်း နှင်းတို့ခေါ်ထားတဲ့ နှင်းတို့ရဲ့ဆွေမျိုးတွေကိုပင် ပစ္စည်းဝယ်ခိုင်းမို့ပင်.....

လေးယောက်စလုံးက ကြိုတင်ကြံပြီးသားမို့ ထိုအကြံအကောင်အစည်ဖော်ဖို့ မျက်ရိပ်မျက်ကဲပြလျက်

“ကိုကိုနဲ့မမတို့”

“အွန်းပြောလေ နှင်း”လို့ ပြိုင်တူဖြေလိုက်တဲ့ ဆောင်းဦး မိုးဦး နွေ

“တစ်ယောက်ချင်းစီပြောမယ် ဟီး ကိုကြီး ကုမ္ပဏီတွေနဲ့စာချုပ်မှာလက်မှတ်ထိုးတဲ့အခါ ဘောပင်က အရေးကြီးတယ်မလား အဲ့အတွက် ကိုကြီး ဘောပင်တစ်ချောင်းကို သီးသန့်ထားတယ်မလား”

“အင်း ဟုတ်တယ်လေ အဲ့တော့”

“နှင်းဆီက Handmadeဘောပင်လေးမှာပါလား ကိုကို့အတွက် အထူးလုပ်ပေးမှာနော်”

“ဘယ်လောက်ကျမှာလဲ"

" သူများတွေဆိုတော့ ၂၀၀၀ပါပဲ ကိုကိုကျတော့ အထူးလုပ်ပေးမှာဆိုတော့၅၀၀၀ပဲပေးပါ”

“ဟမ် နှင်း ကိုကို့ကို ချစ်တီးကျတာလား သူများထက်၂ဆတောင်ယူတယ်”

“ကိုကိုကလည်း နှင်းက ကိုကို့အလုပ်အတွက်အရေးကြီးတဲ့Signထိုးမယ့် ဘောပင်မို့ သေချာရက်ရာဇာတွေဘာတွေ တွက်ပြီးလုပ်ပေးမှာနော် ပြီးတော့ဒီချစ်ဖို့ကောင်းတဲ့ညီမလေးကိုယ်တိုင်လုပ်ပေးမှာနော် မလိုချင်ဘူးလား”

မျက်နှာလေးကို ချစ်စရာကောင်းအောင်လုပ်နေတာမို့

ဆောင်းဦးလည်း “ကောင်းပြီလေ ယူမယ် ညီမလေးစိတ်ကြိုက်သာလုပ်”

“ဘယ်နှချောင်းယူမှာလဲ ကိုကို”

“ဘယ်နှချောင်းယူရမှာလဲ နှင်းရဲ့  တစ်ချောင်းဆိုတော်ပြီလေ”

“မမရွှေရည်ဖူးအတွက်လည်း ဝယ်ပေးလေကိုကို မမကလည်း တစ်ခါတလေ ကိုကို့အစား လက်မှတ်ထိုးပေးရလို့ ပြီးတော့မမက ဆံပင်ရှည်တော့ သူ့အတွက်ဆံထိုးလေးလည်းလှတယ်နော် ကိုကို”

Love's Theory (Love S2)Where stories live. Discover now