🖤Love's Theory🖤
Part 34
"ဟုတ်ပါတယ် ကိုယ်ဆိုးခဲ့မိပါတယ် ကိုယ့်အမှားပါ ဟုတ်ပြီလား စိတ်ဆိုးပြေတော့နော် လာ ကိုယ်လိုက်ပို့ပေးမယ်"
"နန်း ဒီနေ့အိမ်ပြန်ချင်တယ်"
"ဆိုင်သိမ်းရင်ပြန်ရမှာပဲလေ"
"ဆရာ့အိမ်မဟုတ်ပါဘူး နန်းအိမ်ကိုနန်းပြန်ချင်တာ"
"နန်းကလည်း ကိုယ့်အိမ်လို့မပြောပါနဲ့ ကိုယ်နဲ့မင်းရဲ့အိမ်ပါ"
"ဘာပဲဖြစ်ဖြစ် နန်း ဒီနေ့ ဆိုင်ပိတ်ရင် အမေတို့အိမ်သွားမှာ"
"ဘာလည်း စိတ်ကောက်ပြီးသွားတာလား"
"ဟုတ်တယ် ဒါပေမယ့် ဆရာက ဆရာမမေနဲ့ကောင်းအကြောင်း မေးလို့တော့မဟုတ်ဘူး
ဆရာ့ဘက်က ဆရာ့အတွက်သက်သာရင်ပြီးရောဆိုပြီး နန်းနဲ့လက်ထပ်ဖို့ကို လက်ခံခဲ့လို့""အဲ့ကိစ္စက ပြီးသွားပြီမဟုတ်ဘူးလား"
"ပထမက ဒီတိုင်းပြီးမို့ပဲ ညကပြန်စဥ်းစားမှ
ဆရာ့ကို ပြန်ပညာပေးရအုံးမယ် တော်ကြာ ဆရာက နန်းကို လွယ်လွယ်နဲ့စိတ်ဆိုးပြေတယ် ထင်မှာစိုးလို့""ဟုတ်ပြီ ဟုတ်ပြီ အိပ်ချင်သွားအိပ်လေ တစ်ညပဲနော် မနက်ဖြန်ကစ အမေက နန်းကို စာမေးပွဲစစ်တော့မှာနော် ဖြေနိုင်တယ်မလား"
"စိတ်ချပါ ပါမောက္ခရဲ့မိန်းမပဲ စာကလွဲ ဟင်းချက်တာ အိမ်မှုကိစ္စဘာမှမသိဘူး"
"တကယ်...."
"တကယ်ပါဆို ဆရာကလည်း ဆိုင်ရောက်ပြီ ဆရာပြန်တော့ ပျိုတို့ကိုပဲ အိမ်လိုက်ပို့ခိုင်းလိုက်မယ်"ဆိုပြီး နန်းလည်း ကားပေါ်က ဆင်းလာခဲ့သည်
ဆရာ့ဘက်က သဘောတူသည်မတူသည်မသိ
"နန်း လာတာ စောလှချည်လား"
"စောတော့အဆင်မပြေဘူးလား ရတယ်လေ အိမ်ပြန်အိပ်လိုက်မယ် ၃နာရီကျော်မှပြန်လာခဲ့မယ်"
"ပါမောက္ခကတော်ကလည်း စိတ်ကြီးပဲနော် ဆရာ့နားနေတာများပြီး အကျင့်တွေကူးသွားတာလား"
"မကူးပါဘူး နှင်းရော အပေါ်မှာလား"
"ခေါင်းနည်းနည်းမူးနေတယ်ဆိုလို့ နှင်းကို အပေါ်မှာခဏသွားနေခိုင်းထားတာ"
"ဘယ်အချိန်ကပြန်ရောက်တာလဲ လွှာ"
"ဒီမနက်ပဲလေ ရောက်ရောက်ချင်းဒီကိုလာခဲ့တာ"
"ဆိုင်အခြေအနေဘယ်လိုလဲ bossတို့"
"ဒီလိုပါပဲ ရောင်းရတယ်"
"အွန်း "
"ငါဖောက်သည်ချစရာရှိတယ်"
"ငါမပါပဲ ပြောမလို့လား ပျို"ဆိုပြီး အပေါ်ထပ်ကဆင်းလာတဲ့နှင်း
"ဝန်ကြီးကတော်မပါပဲ မပြောရဲပါဘူး"
"အဲ့တာကို လာမခေါ်ဘူး"
ပျိုတို့လေးယောက်ကြားမှာ ပြောင်းလဲမှုတွေရှိလာခဲ့ပေမယ့် မပြောင်းလဲခဲ့တာကတော့ ပျိုတို့ကြားက ခင်မင်ရင်းနှီးမှူတွေပါပဲ
အပြင်လူတွေအမြင်မှာဆိုရင် စိမ်းသွားမယ်ဆိုပေမယ့် ပျိုတို့ကြားမှာတော့ ပိုလို့တောင်ရင်းနှီးလာခဲ့ကြပါတယ်
YOU ARE READING
Love's Theory (Love S2)
Romanceသင်ခန်းစာနဲ့ပတ်သတ်တဲ့သီအိုရီမှန်သမျှကို နှောင့်နှေးခြင်းမရှိပဲ ပြတ်သားစွာရှင်းလင်းနိုင်တဲ့ ပါမောက္ခတစ်ယောက်ဖြစ်သော ရဲရင့်သွေး အဖေလုပ်သူက ကျောင်းဆရာတစ်ယောက်မို့စည်းကမ်းကြီးသည့်အလျောက် အဖေ့လိုစည်းကမ်းကြီးသောအဖေ့တပည့်သည် မိမိရဲ့ဆရာဖြစ်လာမည့်အတွက် စိုး...