Part 30

116 5 0
                                    

🖤Love's Theory
အချစ်သီအိုရီ 🖤

Part 30

အပေါ်ထက် ဒေါ်သွေးရင့်ချိုရဲ့အော်သံ
ကြောင့် အောက်ထပ်က ဒေါ်အနီရင့်နဲ့ကြီးပုလည်း တက်လာကြသည်

"အဲ့တာဆို မင်းက ငါ့ကိုသတိမပေးပဲ ဒီကောင်မလေးကို လက်ထပ်လိုက်ရတာလဲပြော ငါက Rosyနဲ့လက်ထပ်မယ်ဆိုလို့ တွေ့တဲ့ကောင်မလေးကို ပိုက်ဆံပေးပြီးငှားထားတာလား ရဲရင့်သွေး"

"မဟုတ်ဘူး သွေးရင့်ချိူ ငါ့မြေးချွေးမကို ငါသဘောကျလို့ ငါကိုယ်တိူင်လက်ထပ်ပေးထားတာ"

"အမေ သူ့ဘက်က ဝင်ပြောပေးမနေနဲ့ လိုချင်တာမရသရျ်တော့ အမေ့စိတ်ကြိုက် သူကနေမှာလေ"

"အမေ ကျွန်တော့မိန်းမကို အဲ့လိုမပြောပါနဲ့ ငွေမက်ရအောင်လည်း သူ့မိသားစုက ဆင်းရဲနေတာမဟုတ်ဘူး အကုန်လုံးအသင့်အတင့်နဲ့ သူလိုချင်တာ ပြည့်စုံတယ် အမေ့ကို အသိမပေးလို့ ကျွန်တော်မှားခဲ့တာမှန်တယ် အမေဆူရင် ကျွန်တော့်ကို ဆူပါအမေ ကျွန်တော့်မိန်းမနဲ့ဘာမှမဆိုင်ပါဘူး ပြီးတော့ ဒါကကျွန်တော်တို့လင်မယားအခန်းမို့ အမေအပြင်ထွက်ပြီး အောက်မှာစောင့်ပေးပါ အမေကြိုက်သလိုဆူရအောင် ကျွန်တော်လာခဲ့ပါ့မယ်"

"ကောင်းပြီလေ မင်း အဲ့လိုပြောမှတော့ နာရီဝက်အချိန်ပေးမယ် နှစ်ယောက်စလုံး ဆင်းလာခဲ့"

"ဟုတ်ကဲ့အမေ"

ရဲရင့်ဘက်ကပြန်ဖြေတာနဲ့  တံခါးဖွင့်ပြီးဆင်းသွားတဲ့ ဒေါ်သွေးရင့်ချို

"ဘာမှမဖြစ်ဘူး မြေးလေး အဖွားတာဝန်ထား ဟုတ်ပြီလား ​မြေးအမေကို အဖွားပြောထားလိုက်မယ်"

"ဟုတ်ကဲ့အဖွား"

ဒေါ်အနီရင့်နဲ့ဒေါ်ပုလည်း ထွက်သွားကြပြီ

အခန်းထဲကျန်တာက နန်းနဲ့ရဲရင့်

"မိန်းမ မျက်နှာသွားသစ်ပြီး အင်္ကျီလဲလိုက်နော်"လို့ ရဲရင့်က ဘေးနားမှာထိုင်နေတဲ့မိန်းမလေးကို ပခုံးလှမ်းဖက်ပြီးပြောလိုက်တော့

နန်းလည်း ပခုံးပေါ်တင်လာတဲ့ဆရာ့လက်ကိုဖယ်လိုက်တော့

"ဘာဖြစ်လို့လဲ အမေက မနက်အစောကြီး အခန်းထဲလာ​လို့ စိတ်ဆိုးနေတာလား"

Love's Theory (Love S2)Where stories live. Discover now