🖤Love's Theory
အချစ်သီအိုရီ 🖤Part 20
ဘာမှမသက်ဆိုင်မှန်းသိတဲ့ရဲရင့်တောင် ဒေါသထွက်နေတာကို
ကားမှန်ပိတ်ထားပြီး သူတို့ရဲ့ပုံတွေပဲမြင်ရတဲ့ကောင်း ဝမ်းနည်းမှုလိုလို ခံစားလျက်
ထိုလူကိုလည်း မမနဲ့စေ့စပ်ထားတဲ့လူလို့ ကောင်းအထင်မှားလျက်
အများနဲ့လုပ်ရတာမို့ ကိုယ့်အဖွဲ့နဲ့ကိုယ် stickerတွေကပ်ပြီးသား
ရှေ့ဆုံးတန်းက ခုံတွေကဆရာခုံတွေမလား
အဲ့တော့ာကျန်တဲ့လွတ်တဲ့နေရာကိုကြည့်လိုက်တော့ ဆိုင်ကိုလာဝယ်တဲ့ကောင်လေးဘေးနားကခုံ
ဒီဟာက ကျောင်းသားတွေအတူသွားတာဆိုတော့ အကုန်လုံးက မောင်နှမတွေလေ နန်းလည်းဒီတိုင်း သွားထိုင်လိုက်တော့
တစ်ကားလုံးက ထွက်လာတာက "Woww......"
အဲ့အချိန်မှာပဲတက်လာတဲ့ဆရာ
ဆရာ့ကိုလည်းမြင်ရော ခုနကထွက်လာတဲ့အသံပိုင်ရှင်တွေ ဘယ်ရောက်သွားမှန်းမသိ....
ကောင်း မမက သူ့စေ့စပ်ထားတဲ့သူနဲ့အဆင်ပြေတဲ့ပုံပေါက်နေတော့ မမအတွက်ဝမ်းသာရပေ
မယ့် သူ့အတွက်ဝမ်းနည်းရသည်မလားထိုအချိန် မမက သူ့နားလာထိုင်တော့ သူ့အတွက်ပျော်ဖို့ပေါ့.....
ရဲရင့် ထိုင်ဖို့ခုံကြည့်တော့ ကျန်တာက မေ့ဘေးနားကခုံ
"ရဲရင့် လာထိုင်လေ ကားထွက်တော့မယ်"
အရမ်းကြီးငြင်းရင်လည်းမကောင်းတာမို့ "အွန်း.."ဆိုပြီး ရဲရင့်ထိုင်လိုက်သည်
စိတ်ထဲမှာတော့ ဘယ်လိုလုပ်ရင် တခြားသူတွေ သံသယမဝင်ပဲ သူနဲ့နန်းအတူတူထိုင်နိုင်မလဲပေါ့
ကားက ၃၅ယောက်နဲ့၄စီး
ကားထိပ်စီးတိုင်းမှာတော့ 'ICဌာနအပန်းဖြေခရီး'ဆိုတဲ့ ဗီနိုင်းဖြင့်.....
တစ်ဖွဲ့ကို ဆရာတစ်ယောက် တပည့်၉ယောက်နှုန်း
နန်းတို့ကားပေါ်မှာ တပည့်က၃၁ယောက် ဆရာက၄ယောက်
တကယ်ပါ ဆရာက Ice Kidလို့အမည်တွင်ပြီး အရင်လိုလူပျိုကြီးလို့ ထင်နေကြလို့လားမသိ ဆရာပါတဲ့ကားပေါ်မှာ တခြားဆရာမသုံးယောက်ကို ဆရာတွေပေါင်းပြီးထည့်ပေးလိုက်လားမသိ
YOU ARE READING
Love's Theory (Love S2)
Romanceသင်ခန်းစာနဲ့ပတ်သတ်တဲ့သီအိုရီမှန်သမျှကို နှောင့်နှေးခြင်းမရှိပဲ ပြတ်သားစွာရှင်းလင်းနိုင်တဲ့ ပါမောက္ခတစ်ယောက်ဖြစ်သော ရဲရင့်သွေး အဖေလုပ်သူက ကျောင်းဆရာတစ်ယောက်မို့စည်းကမ်းကြီးသည့်အလျောက် အဖေ့လိုစည်းကမ်းကြီးသောအဖေ့တပည့်သည် မိမိရဲ့ဆရာဖြစ်လာမည့်အတွက် စိုး...