🖤 Love’s Theory
အချစ်သီအိုရီ🖤Part 11
"ဘာထင်ရမလဲ ဆရာ့စိတ်က အစိုးမရဘူးလေ နန်းသာမထလာလို့ နန်းကိုအိမ်စာတွေပေး အတန်းထဲမှာလည်း နန်းကိုပဲစာတွေမေးနေရင် ဘယ်လိုလုပ်မလဲ ဒါကြောင့်ထလာတာ ထမင်းသွားစားပြီ"ဆိုပြီ ထွက်သွားတဲ့နန်း
နန်းထွက်သွားမှ ကိုယ့်အတွေးနဲ့ကိုယ်ရယ်နေမိတဲ့ရဲရင့် သူထင်တာက သူမလေးတခြားတွေးမယ်လို့ သူမတွေးလိုက်တာက သူက သူမကိုပဲမဲပြီး စာမေးမှာစိုးလို့တဲ့
ရဲရင့် သူ့ကိုယ်သူရယ်ပြီးနောက်မှာ သူလည်းထမင်းစားဖို့ အောက်ဆင်းလာလျက်
သူလည်းဗိုက်ဆာနေတာမလား သူကမနက်စာပဲစားရသေးတာလေ
“မြေးလေး ဘာလို့ကြာနေတာလဲ”
“နန်းရေချိုးတာကြာလို့ပါ ဖွား”
“အော် အွန်း နောက်တစ်ခါ ညပိုင်းရေချိုးရင် မြန်မြန်ချိုးနော် မြေး”
“ဟုတ် ဖွား”
ရဲရင့်လည်းလာထိုင်တော့
“မြေး မနက်ဖြန်ကျရင် သမီးလေးဆိုင်ဖွင့်ပွဲ မင်းသွားမှာမလား”
“ဖိတ်ထားမှ သွားလို့ရမှာပေါ့ ဖွားရဲ့ ဆိုင်ရှင်တွေက ကျွန်တော့်ကိုဖိတ်မှမဖိတ်တာ”
ရဲရင့်လည်း ဧည့်ခန်းမှာတည်းက အဖွားကိုကျ အရေးတယူဖိတ်ပြီး သူ့ကျမပြောလို့ ပြောချင်နေတဲ့ကိစ္စ ခုအဖွားကလမ်းစလုပ်ပေးတော့ သူလည်းပြောလိုက်ခြင်း
နန်းလည်း မနက်ကကိစ္စကို မရှင်းပြတဲ့အပြင် သိလည်းသိချင်တာကြောင့်
“နန်းမဖိတ်ရဲပါဘူး ဘာလို့ဆို တချို့လူတွေက ကျောင်းသွားမယ်ဆိုပြီးရောက်နေတာက တစ်နေရာလေ တကယ်လို့နန်းဖိတ်လိုက်လို့ နန်းဆိုင်မလာပဲ တခြားနေရာရောက်ရင်ဘယ်လိုလုပ်မလဲ ဟုတ်တယ်နော် ဖွား”
ဒေါ်အနီရင့် အခုမှ ဒီလင်မယားနှစ်ယောက်အပြင်မှာ တစ်ခုခုဖြစ်လာမှန်းသိပြီး
“သားရဲ သမီးနန်းပြောတာဘာအဓိပ္ပာယ်လဲ”
ရဲရင့်လည်း သူ့အတွက်ရှင်းပြဖို့ အခွင့်အရေးပေါ်လာတာမို့
YOU ARE READING
Love's Theory (Love S2)
Romanceသင်ခန်းစာနဲ့ပတ်သတ်တဲ့သီအိုရီမှန်သမျှကို နှောင့်နှေးခြင်းမရှိပဲ ပြတ်သားစွာရှင်းလင်းနိုင်တဲ့ ပါမောက္ခတစ်ယောက်ဖြစ်သော ရဲရင့်သွေး အဖေလုပ်သူက ကျောင်းဆရာတစ်ယောက်မို့စည်းကမ်းကြီးသည့်အလျောက် အဖေ့လိုစည်းကမ်းကြီးသောအဖေ့တပည့်သည် မိမိရဲ့ဆရာဖြစ်လာမည့်အတွက် စိုး...