Part 23

75 4 0
                                    

🖤Love's Theory
အချစ်သီအိုရီ 🖤

Part 23

"လေတွေတိုက်နေလည်း ခဏတော့ချလိုက်ပါ ဓာတ်ပုံဆိုတာအမှတ်တရလေ လှနေဖို့တော့ လိုတာပေါ့ လာ ဒီကိုပေး"ဆိုပြီး

နန်းနားတိုးလာပြီး နန်းဆီကလွယ်အိတ်တွေရော အနွေးထည်တွေလာယူနေတဲ့ဆရာ

နှင်းတို့နဲ့ဖုန်းပြောတာကိုတော့ နန်းချလိုက်တာကြာပါပြီ

၇နာရီလည်းထိုးတော့ နန်းတို့ ကျိုက်ထီးရိုးဘုရားကို ပြန်ခရီးဆက်ဖို့ ကားပေါ်ပြန်တက်လာကြသည်

ဒီတစ်ခါမှာတော့ ဆရာနဲ့နန်းက ခုနကထိုင်တဲ့ခုံပဲဆိုပေမယ့်

ကောင်းလည်း မမနဲ့အတူထိုင်ဖို့ မမနဲ့ဆရာထိုင်တဲ့ရှေ့တစ်ခုံမှာနေရာယူလိုက်သလို

မေကလည်း အရှုံးမပေး တခြားဆရာမအဖွဲ့နဲ့သူ့အဖွဲ့နဲ့ကို ရှေ့နောက်နေရာလဲခိုင်းပြီး သူကရဲရင့်တို့နဲ့ဘေးချင်းကပ်မှာထိုင်လျက်

ခုနက နန်း နွားနို့တစ်ခွက်ပဲသောက်ထားတာဆိုတော့ ဗိုက်ဆာလာရျ် နန်းလည်း လွယ်အိတ်ထဲက ပျိုထည့်ပေးတဲ့သစ်သီးဘူးကို ထုတ်ရျ် စားလျက်

စားနေရင်း ဝင်လာတဲ့meassageကြောင့်

"မမက တစ်ယောက်တည်းစားတယ်"တဲ့

ဘယ်သူများလဲပေါ့

Profileဝင်ကြည့်မှ ဟိုကောင်လေး

သူက အရှေ့မှာပဲလေ အဲ့တော့စာမပို့ပဲ နန်းလည်း ရှေ့ကသူ့ပခုံးကို ပုတ်ပြီး

"စားမို့လား စားချင်ရင်စားလေ"

နန်းပခုံးပုတ်ပြီး စကားမဆုံးခင်တည်းက နန်းဘက်လှည့်လာတဲ့ကောင်လေး

နန်းစကားလည်းဆုံးရော

"မမကျွေးတော့ စားရတာပေါ့"ဆိုပြီး နန်းဆီက ပန်းသီးသုံးစိတ်လောက်နှိုက်သွားသည်

မကောင်းတတ်လို့ ကျွေးလိုက်ပေမယ့် ကိုယ့်ဆီကဘူးသေးသေးလေးထဲကနေ သုံးစိတ်လောက်နှိုက်သွားတော့ အပြင်ပန်းမှာပြုံးနေပေမယ့်  စိတ်ထဲမှာတော့ မေတ္တာပို့သလျက်

နန်းဆိုတာက အစားဆိုရင်
အချစ်ဆုံးသူငယ်ချင်းတွေနဲ့တောင် မရတဲ့သူလေ

Love's Theory (Love S2)Where stories live. Discover now