Part 32

103 5 0
                                    

🖤Love's Theory
အချစ်သီအိုရီ 🖤

Part 32

“အကန့်အသတ်မရှိ နန်းစိတ်ဆိုးပြေတဲ့အချိန်ထိပေါ့”

“နန်းကလည်း လျှော့လျှော့ပေါ့ပေါ့လုပ်ပါ”

“မလုပ်နိုင်ပါဘူး ဆရာတောင် ကျောင်းသားတွေကို အိမ်စာပေးရင် လျှော့လျှော့ပေါ့ပေါ့ပေးဖူးလို့လား ပေးလိုက်ရင်ကျက်စာရောတွက်စာရောFormulaရော စုပုံပြီးပေးပြီးတော့”

“ကိုယ့်အပြစ်နဲ့ကိုယ်ပေါ့ ခံလိုက်ပါ့မယ်”

"ဟုတ်တယ်"

....

အလုပ်ခန်းထဲက နန်းတို့ကိုချောင်းကြည့်နေတဲ့နှစ်ယောက်ကတော့

"နန်း တော်လိုက်တာ ဆရာ့ကို ငါတို့အတွက် လက်စားချေပေးလိုက်တာ လုံးဝ Legendပဲ"

"အဲ့တာပြောတာ ဝဋ်ဆိုတာ ဘဝမကူးပဲကိုလည်တာတဲ့ အခုမှသေချာမှန်းသိတော့တယ်"

"သူများကိုပြောမနေနဲ့ နှင်း နင်လည်း မကြာခင်ဝဋ်လည်တော့မှာလေ နင့်အကို အမတွေ နဲ့အိမ်ကလူကြီးတွေအပေါ်ကို ဆိုးခဲ့သမျှ နှင်းလေးရယ် နင့်ဗိုက်ထဲက ကလေးလေးရယ် ပြီးရင် နင့်တူနဲ့တူမတွေရယ် နန်းတို့ငါတို့ရဲ့ကလေးလေးတွေရယ် နင့်ကိုဆိုးကြမှာ"

"အမလေး ဒါဆို နင်က ကလေးပြောရအောင် ဘယ်မှာလဲ ပြော ပိုပို့သီချင်းထဲကလို ယောကျာ်းမပြောပါနဲ့အုံး ရည်းစားဆိုမူးရင်ရှုစရာမရှိတဲ့ဘဝကများ"

"နှင်း personalကိုမတိုက်ခိုက်နဲ့နော်"

"ဘယ်က personalကို ငါကတိုက်ခိုက်လို့လဲ အမှန်တရားကိုပြောတာလေ အမှန်တရားက တချို့အတွက် နားခါးတယ်"

"နှင်း.... နင်တော်တော့နော်"

နှစ်ယောက်သား လိုက်စနေရင်း အသံကကျယ်သွားသည်မို့ အရှေ့မှာဆိုင်ထိုင်နေတဲ့ နန်းလည်း ကြားသွားပြီး

"အလုပ်ခန်းထဲက နှစ်ယောက် အလုပ်လုပ်နေတာလား ဆော့နေတာလား"ဆိုတဲ့ နန်းရဲ့အော်သံကြောင့်

"အလုပ်အခုချက်ချင်းလုပ်လိုက်ပါ့မယ် သူဌေး"ဆိုပြီး လှမ်းအော်လိုက်တာ နှင်း

Love's Theory (Love S2)Where stories live. Discover now