Chapter 65

259 39 1
                                    

🧝Chapter 65

ရန်သာ့လန်က ကိတ်အများစုကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြောင်ဟယ်က ပါးစပ်ပဲလှုပ်ခဲ့သော်လည်း ပြီးသွားပြီးနောက် မြောင်ဟယ်က ရန်သာ့လန် ၏ပါးစပ်ထဲသို့ မုန့်တစ်ခုကို ဂုဏ်ယူစွာ ခွံ့​ကျွေးလိုက်ဆဲဖြစ်သည်။

အမှန်တွင် ပါးစပ်ထဲထည့်လိုက်သည်နှင့် ကောက်ညှင်းပျော့ပျော့က ဆန်အနံ့နှင့် အရသာခပ်​လေး​လေးရှိပြီး ယင်းက အရသာကို မြှင့်တင်ပေးသည့် ပထမဆုံးအချက်ဖြစ်သည်။၎င်းကို ထပ်ကိုက်သောအခါတွင် မွှေးကြိုင်သော ကွေ့ဟွားပန်းနံ့က ပါးစပ်မှတစ်ဆင့် ချက်ချင်းပျံ့နှံ့သွားသည်။မွှေးရနံ့ပြီးနောက်၊ မြေနံ့သင်းသင်းနှင့် မွှေးကြိုင်သော ပဲနီ​လေးရနံ့ တမျိုးရှိသည်။ အငန်နှင့် အချိုအရသာ အလွှာများဖြင့် ရောစပ်ထားသောကြောင့် ပါးစပ်အတွင်း လိုက်ဖက်ညီပြီး အံ့သြဖွယ်အရသာကို ဖန်တီးပေး​လေသည်။

ယခုအချိန်မှာ ရန်သာ့လန်က လွှမ်းမိုးမှုကိုခံနေရကာ ကောလေး၏ အတွင်းအပြင် အရာရာတိုင်းကဲ့သို့သော အလှတရား၏အသေးစိတ်တစ်ခုချင်းစီတိုင်းကို တန်ဖိုးထားတတ်​​နေပြီး   စကားတစ်ခွန်းကိုကြားတိုင်း ခေါင်း​တညိတ်ညိတ်​လုပ်နေသည်။

"ဒီကိတ်မလုပ်ရတာ လွယ်တယ်...ဒုတိယအဒေါ်တို့အိမ်အပြင် ဆိုင်ရှင်ကျင်းက အိမ်တက်ထမင်းကျွေးလာတုန်းက ကျွန်တော့်ကို အများကြီး ကူညီပေးခဲ့တယ်... ကျွန်တော့်ကို သူ့ဆီက စားပွဲနဲ့ ကုလားထိုင်တွေကို ငှားပြီး ပိုက်ဆံမယူခဲ့ဘူး... ဒါကို လက်ဆောင်အနေနဲ့ ပြန်သုံးလို့ရမလား"
မြောင်ဟယ်က ခေါင်းလေးစောင်းကာ မေးသည်။

"အင်း ဆိုင်ရှင်က အရမ်းပျော်သွားတော့မှာပဲ"

အရေအတွက်က ဟင်းပွဲအဖြစ် ရောင်းချရန် မလုံလောက်ဘူးဆိုလျှင်ပင် ပုံမှန်ဖောက်သည်တွေကို ဆောင်းဦးလယ်ပွဲ​တော်လက်ဆောင်အဖြစ် ပေးပါက ဂရုတစိုက်ရှိရာကျသည့် အံ့သြစရာလက်ဆောင်လေးဖြစ်ပေလိမ့်မည်။ရန်သာ့လန်က လက်ဖက်ရည်ဆိုင်၏ လည်ပတ်မှုကို တဖြည်းဖြည်း နားလည်လာပြီဖြစ်ရာ ဤအအေးကိတ်မုန့်၏ ရည်ရွယ်ချက်ကို အလွယ်တကူ တွေးလိုက်မိသည်။

ကောငယ်လေး၏စတိုရီ(ဘာသာပြန်)Where stories live. Discover now