🧝Chapter 57
တိုက်ဆိုင်စွာပင် မြို့ထဲမှ ဧည့်သည် တော်တော်များများက တစ်ယောက်နှင့်တစ်ယောက် သိနေကြသည်။ရှုမင်က သမားတော်ကျီနှင့်ခရီးသွားရာမှသိပြီး လျန်ယွမ်ဝေ နှင့် စင်းလုံးငှားလှေကြောင့် သိကာ ချွီလောင်နှင့်က ရေခဲကြောင့်ဖြစ်သည်။
ဟင်းသီးဟင်းရွက်စိုက်ပျိုးသူ မြောင်ဟယ် နှင့် ရန်သာ့လန် တို့ကြောင့် ဤလူများသည် မကြာသေးမီက ပိုမိုရင်းနှီးလာကြသည်။ ကံတရားအကြောင်းပြောရလျှင် အင်မတန်စိတ်ဝင်စားစရာကောင်းလေသည်။
တစ်ဖက်ကနေ ၎င်းတို့ကို စောင့်ကြည့်နေသော မြောင်ဖင်းတို့ နှလုံးသားထဲတွင် သတိကြီးကြီးထားနေရုံသာမက ၎င်းတို့နှင့် လွတ်လပ်စွာ ဆက်ဆံနိုင်သည့် ရန်သာ့လန် နှင့် မြောင်ဟယ် ကိုလည်း လေးစားမိကြသည်။ ရွာရှိလူအများစုသည် မျိုးဆက်ပေါင်းများစွာ လယ်ယာစိုက်ပျိုးကြပြီး ကုန်သည်ငယ်/စျေးသည်များမှလွဲ၍ အခြားအဆင့်များနှင့် ထိတွေ့လေ့မရှိကြပေ။ ပထမတုန်းက သူတို့ စကားဝိုင်းဖွဲ့ပြောရာတွင် အနည်းငယ် အဆင်မပြေဖြစ်ကြသည်။
သို့သော်လည်း မြောင်ဟယ် ဧည့်သည်များကို ဧည့်ခံရန်အတွက် စားပွဲပေါ်၌ ချပေးထားသော ငရုတ်ကောင်းမြေပဲကြော်က အချင်းချင်းကြား အကွာအဝေးကို အမြန်ကျဉ်းမြောင်းစေခဲ့သည်။
တန်ဖိုးကြီးဇိမ်ခံဝတ်စုံဝတ်ထားသည့်လူငယ်လေးက တစ်ခါမှကောင်းသည့်ဟာမစားခဲ့ဖူးသလိုမျိုး မြေပဲတွေကို ပါးစပ်ထဲကို တစ်စေ့ပြီးတစ်စေ့ သွပ်နေသည်။
ဒီချမ်းသာတဲ့ မိသားစုက ဒါလေးပဲကျွေးမှာတော့ မဟုတ်ဘူးမလား...ဟမ်း ဒါပေမဲ့ ဒီမြေပဲတွေက ဘာလို ဒီလောက်ကြီးပြီး အရသာရှိရတာလဲ... ရပ်လို့မရဘူးဖြစ်နေတယ်...
လီမင်တို့စားပွဲသည် ပို၍ပင် မယဥ်ကျေးကြပေ။ဖက်တီးက ဒီနေ့ ဘာပဲဖြစ်ဖြစ် လိုက်မည်ဟု အတင်းပြောနေသဖြင့် သူလည်း ပါလာခဲ့သည်။သူက မီးဖိုချောင်သို့သွားကာ အဒေါ်ရန်ဆီက မြေပဲနှင့်ထမင်းပူပူတစ်ပန်းကန် တောင်းလေသည်။ စားရတာ ဘယ်လောက်ပျော်နေမှန်းမသိပေ။