Chapter 58

752 109 1
                                    

🧝Chapter 58

မြောင်လီတို့ မိသားစုပွဲတုန်းမှာကဲ့သို့ပင် ရွာမှာ အိမ်တက်ထမင်းကျွေးသည့်အခါလက်ဆောင်ပေးသည့် ဓလေ့မရှိပါချေ။သူ့သား မြောင်လျန်၏မင်္ဂလာပွဲနှင့်ပေါင်း ကျင်းပသည့်အတွက်သာ မဟုတ်လျှင် ရန်သာ့လန်ဘာမှယူသွားမှာမဟုတ်ပေ။သို့ပေမဲ့ ပိုခေတ်မီသော မြို့ကလူတွေက ဘယ်လိုလုပ်ရမလဲသိကြသည်။

ထို့ကြောင့် ဆိုင်ရှင်ကျင်းက ချွီလောင်၏ ညွှန်ကြားချက်နှင့်အညီ ကြွေပန်းအိုးတစ်စုံကို လက်ဆောင်အဖြစ် ရွေးချယ်ခဲ့သည်။ အဖြူရောင်နီးနီးဖြစ်သော မီးခိုးရောင် အစင်းများနှင့် ကြွေပန်းအိုးလေးခုဖြစ်၏။ယင်းတို့က ယခုအချိန်တွင် သွန်းလုပ်နိုင်သည့် အကောင်းဆုံးကြွေထည်များဖြစ်သည်။

မြောင်ဟယ် ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်သည်။ စျေးနှုန်းမည်မျှပင်ရှိပါစေ၊ ဤပန်းအိုးသည် သူတို့ခန်းမ၏ သစ်သားကြမ်းပြင်နှင့် လိုက်ဖက်လေသည်။အပြင်ဘက်ရှိ ဘောလုံံးပန်းများ သို့မဟုတ် တန့်ဇီများသာထိုးလိုက်ပါက အိမ်အတွင်းတွင် ပိုမိုတောက်ပအသက်ဝင်သော လေထုကိုပေးစွမ်းနိုင်လိမ့်မည်ပင်။

ထို့နောက် ဆေးဆိုင်ပိုင်ရှင် ဆိုင်ရှင်ဖန့်က အထည်များပေးလာသည်။မြောင်ဟယ်ဆီ ပေးပြီးသည်နှင့် သူက မြောင်ဟယ်ကို အချုပ်အလုပ်ကောင်းကောင်းတတ်လားဟု အထူးတလည်မေးခဲ့၏။ ကောင်းကောင်းမလေ့ကျင့်ရသေးလျှင် ဤအထည်တွေနှင့် ဆက်လေ့ကျင့်ပါ၊ သူ တိတ်တိတ်လေးဝယ်ထားသည့် အထည်တွေကို မသုံးပါနှင့်ဟုဆိုလေသည်။မြောင်ဟယ် ခြောက်ကပ်ကပ် ရယ်ရုံသာ ရှိပြီး တစ်ချိန်တည်းတွင် လူတိုင်း၏ ပြင်းထန်စွာ စနောက်ခြင်းကို ခံရခြင်းမှ မလွတ်မြောက်နိုင်ပေ။

သမားတော်အိုကြီးကျီပေးသည်က သုံးရလွယ်ကူသည့် ဆေးဖက်ဝင်အရက်တစ်မျိုးဖြစ်၏။တိုက်မိဆောင့်မိခြင်းကြောင့် ဖြစ်ပေါ်လာသော အတွင်းဒဏ်ရာများကို ကုသရာတွင် အထူးထိရောက်ပြီး အမဲလိုက်သည့်ရန်သာ့လန်အတွက် အလွန်သင့်လျော်ပေသည်။မြောင်ဟယ်ကလည်း ရန်သာ့လန်အတွက် ကျေနပ်စွာ လက်ခံခဲ့သည်။

လီမင်တို့တတွေက သာ၍ပင်ကောင်းသေးသည်။ပွင့်ပွင့်လင်းလင်းပြောရလျှင် ရန်သာ့လန်တို့အိမ်ရှေ့က သစ်သားခြံစည်းရိုးက သူဆောက်ထားသည့်အိမ်နှင့် တကယ်မထိုက်တန်ပေ။ ရာသီကုန်လျှင် အပြာရောင်အုတ်များကို ဆွဲကာ သူတို့ တံတိုင်းတစ်ခု ဆောက်ပေးမည်ဟုဆိုသည်။ နားထောင်သူ မြောင်ဟယ်က သူ့လက်ကို အကြိမ်ကြိမ် ဝှေ့ယမ်းပြီး မလုပ်ပါနဲ့ဟုအတန်တန်ငြင်းသည်။

ကောငယ်လေး၏စတိုရီ(ဘာသာပြန်)Where stories live. Discover now