🧝Chapter 62
ရန်သာ့လန်က တစ်နေကုန်အပြင်ထွက်ပြီး လူများစွာနှင့် တွေ့ဆုံခဲ့သည်။ သူ့အကြောင်း သိချင်သူတွေ၊ ချီးကျုးဂုဏ်ပြုကြသူတွေ၊ သူ့ကို ရွဲ့စောင်း မှတ်ချက်တွေ ပေးနေကြသူတွေစသဖြင့် အမျိုးမျိုးအဖုံဖုံရှိကြသည်။ထုံးစံအတိုင်း သူက အကြောင်းရင်းကို သိသဖြင့် ရွာမှာ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့သည်ကို အတိုချုံး ရှင်းပြလိုက်သည်။ဤအချိန်မှာ သူတို့က အခြေအနေတွေကို အခွင့်ကောင်းနေယူကြသည်။ဖြစ်နိုင်လျှင် ဤယုံကြည်မှုကို သူတို့ဘာသာသူတို့ ရယူရလိမ့်မည်။
မြောင်ဟယ် ထိုစကားကိုကြားပြီးနောက် ခေါင်းသာခါယမ်းလိုက်သည်။ "ဟေ့ ဒီရွာလူကြီးက *1နံရံပေါ်ကမြက်ကျနေတာပဲ... သူဘာတွေစီစဉ်နေတယ်လို့ ထင်လဲ"
(1.墙头草(qiángtóucǎo)–နံရံထိပ်ပေါ်ကမြက်
လေယူရာယိမ်းသူ၊ကိုယ်ပိုင်အတွေးအမြင်မရှိသူယိမ်းလွယ်ယိုင်လွယ်ပြီး တစ်ခုခုဆို သာသည့်ဘက်က သို့မဟုတ် နိုင်သည့်ဘက်ကနေရန်ရွေးချယ်သူ)
ရန်သာ့လန်က ခေါင်းစဥ်ပြောင်းလိုက်၏။
"နောက်ကျရင် ကိုယ်ဒီမှာမရှိရင် ဒုတိယအဒေါ်ကို လာခွင့်မပြုနဲ့"မြောင်ဟယ်သူ့ကိုစိုက်ကြည့်လိုက်သည်။
"ဒီနေ့ကျွန်တော်ကောင်းကောင်းလုပ်ခဲ့ပါတယ်နော်... ဒုတိယအဒေါ် လာဖို့ တကယ် အဆင်မပြေဘူးဖြစ်သွားပြီလေ"ရန်သာ့လန် အခိုင်အမာ ခေါင်းကို ခါလိုက်သည်။
"နောက်တစ်ယောက်က မင်းကို ကိုင်တွယ်လိမ့်မယ်"သို့သော် သူ့မျက်လုံးထဲတွင် သိသာထင်ရှားသော စိုးရိမ်ပူပန်မှုကို မြင်လိုက်ရသဖြင့် မြောင်ဟယ် ဆက်မပြောတော့ပေ။ဖြစ်ချင်သည့်အခါ ယခုရှီရန်မှာ အသုံးပြုရန် နည်းလမ်းအသစ်တစ်ခုရှိနေပြီဖြစ်သည်။
"ကောင်းပြီ ခင်ဗျားပြောတာကို နားထောင်မယ်... ပြီးတော့ ကျွန်တော့်မှာ နောက်ထပ် ရှီရန်တစ်ခု ရှိသေးတယ်...အဲဒါကို ပိုအစွမ်းထက်တဲ့ အရာတစ်ခုအဖြစ်တောင် ပေါင်းစပ်လို့ရတယ်... ဒီနေ့ စမ်းကြည့်ဖို့ အချိန်မရှိလိုက်ဘူး... မနက်ဖြန် စမ်းသပ်ရမယ်"