🧝Chapter 63
မြောင်ဟယ် အိပ်သည့်အချိန်ကို အခွင့်ကောင်းယူပြီး ရန်သာ့လန်က ရေသွားယူကာ အဝတ်လျှော်လိုက်သည်၊၎င်းနောက် တောင်ပေါ်မှ ကြက်ခြံသို့ သွားရောက်ခဲ့သလို မြောင်ဟယ်၏ ဆန်များကို လှေ့ရန် ခြွေလှေ့စက်ရှိရာအိမ်သို့ပင်သွားခဲ့သေးသည်။ ညနေခင်း နေဝင်ချိန်ရောက်မှပင် မြောင်ဟယ်ကို သူ့နောက်ကလိုက်ခိုင်းပြီး ဆက်လက် တောင်ရှင်း၍ သစ်ပင်စိုက်ပျိုးရန် သဘောတူလိုက်၏။
ရက်အတော်ကြာအောင် သူတို့နှစ်ယောက် အိမ်မှာနေပြီး အေးအေးဆေးဆေး ပြီးပြည့်စုံသည့်ဘဝနှင့် နေထိုင်ခဲ့သည်။ မြောင်ဟယ်က ဂေါ်ဖီချဥ်နှင့် ကင်မ်ချီအစပ် အချဥ်တည်ရန်လည်း အတော်လေးစိတ်ဝင်စားနေပြီး ဆောင်းရာသီတွင် ဂေါ်ဖီချဥ် ဖက်ထုပ် သို့မဟုတ် ကင်မ်ချီဟင်းရည်စားရန် စောင့်မျှော်နေသည်။
ထိုအခြေအနေက ယနေ့မတိုင်ခင်အထိပင်၊
ရန်သာ့လန်ကသပ်ရပ်စွာ ၀တ်ဆင်ထားသည်။သူ အစားအသောက်များ သွားပို့မှာမဟုတ်သော်လည်း အပြင်ထွက်ရန်ပြင်နေလေသည်။သူ မွေးမြူရေးလုပ်ငန်းကို အထူးပြုသည့်နေရာ၊မြို့၏အရှေ့တောင်ဘက်ရှိ ဈေးသို့သွားကာ သိုးသားအမိတစ်စုံဝယ်ရန် စီစဥ်ထားသည်။နောင်ထွက်ရှိသောနို့များ လုံလောက်စွာ အာဟာရပြည့်စေရန်အတွက်၎င်းကို တတ်နိုင်သမျှ ရှီရန်မှ အစားအစာများနှင့် စောနိုင်သမျှစောအောင် ပြုစုပျိုးထောင်ရန် လိုအပ်လေသည်။မြောင်ဟယ် အိမ်မှာပဲနေရန် သဘောတူလိုက်သည်။သို့ပေမဲ့ ဒုတိယအဒေါ်က သူ့ကိုလာအဖော်လုပ်ပေးရန် မလိုပါချေ။ရန်သာ့လန်သာ ကိစ္စပြီးသည်နှင့်ပြန်လာလျှင် နေ့တစ်ပိုင်းလောက်သာကြာမည်ဖြစ်သည်။
ရန်သာ့လန် ထွက်သွားသည်နှင့် မြောင်ဟယ်ဆီကို ဧည့်သည်တစ်ယောက်ရောက်လာလေသည်။
"..."
မြောင်ဟယ် တံခါးဘဲလ်သံကြားသောအခါ ခေတ္တရပ်ပြီး ခေါင်းကို ကုတ်ကာ တံခါးကို သွားလိုက်သည်။
သစ်သားခြံစည်းရိုးတံခါးပွင့်လာသည်နှင့်တစ်ပြိုင်နက် အပြင်ဘက်တွင်ရပ်နေသူက သူမတွေ့ရသည်ကကြာပြီဖြစ်သောမြောင်မင်းဖြစ်နေ၏။