🧝Chapter 59
အိမ်တက်ထမင်းကျွေးပြီး နောက်တစ်နေ့တွင် မြောင်ဟယ် နိုးလာပြီးနောက် ခန်းမထဲတွင် သာ့ပိုင်က သေတ္တာထဲမှ ခွေးလေးကောင်ကို ပြေးတက်ဖိသည်ကိုတွေ့ရလေသည်။ ခွေးပေါက်လေးတွေက သာ့ပိုင်၏ဗိုက်အောက်မှာ အိပ်ပျော်နေတုန်းပင်...
"သာ့ပိုင် မင်းခွေးမလိုချင်ဘူးလား"
ကြောင်နက်လေး (အထီး) က သူ၏ အစိမ်းဖျော့ဖျော့ တရုတ်ဇီးသီးမျက်လုံးများဖြင့် နားမလည်နိုင်စွာ ပြန်ကြည့်သည်။
မဟုတ်ဘူးလား မြောင်... အခု သူတို့က ရှင်ဘုရင်ရဲ့ခြေတော်ရင်းမှာ လက်နက်ချနေကြပြီလေ...
မြောင်ဟယ်က ကြောင်နက်ကလေး၏ ခေါင်းကို ပွတ်ပေးလိုက်သည်။
ထို့နောက် သူတစ်စုံတစ်ယောက်ကိုရှာရန် အပြင်ထွက်လာခဲ့သည်။
ရန်သာ့လန်က ဟင်းသီးဟင်းရွက်ခင်းထဲ၌ ချွေးတလုံးလုံးဖြင့် ဟင်းသီးဟင်းရွက်တွေခူးနေသည် ။သည်ကနေ့က အသီးအရွက်တွေ ပို့ပေးရမည့်နေ့ဖြစ်၏။
ရန်သာ့လန်၏ ယနေ့စတင်မည့် "သင်တန်းအသစ်" ကိုတွေးတောရင်း မြောင်ဟယ် အမြန်ပြန်သွားကာ သန့်ရှင်းသောအဝတ်အစားများပြင်ဆင်ပြီး တစ်ဖက်လူကိုယ်လက်ဆေးကြောမည်ကိုစောင့်နေလိုက်သည်။ထို့နောက် မီးဖိုသို့သွားကာ လှည့်ပတ်ကြည့်လိုက်သောအခါ ဘာမှ သိပ်မကျန်တော့သည်ကို တွေ့လိုက်ရသောကြောင့် မုန်လာဥခြောက်နှင့် ကြက်ဥတို့နှင့် ထမင်းလုံးခပ်ကြီးကြီးအနည်းငယ်ကို လုပ်ရန် ဆုံးဖြတ်လိုက်သည်။
တစ်နေ့လုံး အပြင်မှာ နေရမှာဖြစ်၍ ကောင်းကောင်းစားရန်လိုသည်။
မြောင်ဟယ်က သူ့အင်္ကျီလက်ကို လှန်တင်လိုက်ပြီး ထမင်းကို နယ်လိုက်သည်။အဒေါ်ရန် အချည်တည်နည်း သင်ပေးထားသော မုန်လာဥခြောက်ကို မနှောင့်နှေးဘဲ လှီးဖြတ်လိုက်ပြီး မွှေးလာသည်အထိဆီပူလှိမ့်လိုက်သည်။ ထမင်းလုံးထဲကို အသားမျှင်ထည့်လျှင် ပိုကောင်းပေမဲ့ သူ့မှာအရန်သင့်ဘာမှရှိမနေပေ။မြောင်ဟယ် ၎င်းကိုစဉ်းစားပြီး ဝက်ပေါင်ခြောက်အကျန်တွေကို သုံးလိုက်သည်။၎င်းတို့ကို အတုံးတုံးကာ ကြက်ဥမွှေကြော်ထဲထည့်ပြီး ထမင်းထဲထည့်လုံးလိုက်သည်။