🧝Chapter 67
အခြားသူများ၏မနာလိုအားကျမှုနှင့် အမှတ်ရမှုကို ခံနေရသည့် မြောင်ဟယ်တို့ မိသားစုသည် နေ့စဉ် ဟင်းသီးဟင်းရွက်နှင့် သစ်ပင်များ မှန်မှန် စိုက်ပျိုးနေပြီး အကောက်ကြံခံနေရကြောင်း အနည်းငယ်မျှ မသိခဲ့ပါချေ။
မြောင်ဟယ်၏ဗိုက်သည်လည်း မီးပုံးပျံကဲ့သို့ တဖြည်းဖြည်းကြီးထွားလာသည်။ အမွေးလုံးလေးလုံးက အညီအမျှ လျင်မြန်စွာ ကြီးထွားလာပြီး တစ်လအတွင်း ၎င်းတို့သည် သာ့ပိုင်နှင့် အရွယ်အစားတူလာသည်။
သို့သော် ကြောင်နက်ကလေးသည် မောင်မောင်စကွက် ညစ်ပတ်နေသည်ကို မြင်ပါက မောင်မောင်စကွက်အား ပါးရိုက်ချိန်မှာ ယဉ်ကျေးနေမည်မဟုတ်ပေ။မောင်မောင်စကွက်က ပြန်ပဲဟောင်ပြီး တစ်ခါမှပြန်လုပ်ကြပေ(အပြောပဲရှိ)။
ရန်သာ့လန်သည်လည်း တောင်ပေါ်သို့ အကြိမ်ကြိမ်သွားခဲ့သည်။ ဆောင်းဦးရာသီက သားကောင်ပေါများသောရာသီဖြစ်ပြီး နောက်ဘက်တောင်တန်းတွင် မွေးမြူထားသည့် ကြက်အရေအတွက်က ရာဂဏန်းအထိ တိုးလာသော်လည်း အများစုမှာ ကြီးထွားဆဲအဆင့်မှာပဲရှိသေးပြီး စား၍မရနိုင်သေးပေ။ရန်သာ့လန် သူ့ဒုတိယအဒေါ်ကို အိမ်လာနေရန်တောင်းဆိုပြီး မြောင်ဖင်းတို့တွေကိုခေါ်၊ အဖွဲ့ဖွဲ့ပြီး တောင်ပေါ်တက်သည်။မကြာသေးမီက အလွန်ကြီးမားသော တောဝက်ကြီးကို တောင်ပေါ်မှ သယ်ဆောင်လာခဲ့သည်။
အကောင်းဆုံးအပိုင်းကို သိမ်းထားချင်သောကြောင့် ရန်သာ့လန်က မြို့ထဲမှာ သွားမရောင်းဘဲ ရွာမှာပဲဝက်ပေါ်ခဲ့သည်။
ထိုသို့ဖြင့် ဝက်ပေါ်သည့်နေ့မှာ ရွာကလူတွေအားလုံးက ပျော်ပျော်ပါးပါး လာကြသည်။
ရွာလူကြီးက ရန်သာ့လန်တို့ဆီကို သူ့ဘာသာသူလာဦးစီးဦးဆောင်လုပ်ပေးရုံတင်သာမက တခြားသူများကလည်း လုပ်ငန်းစဉ်တလျှောက်လုံး လိုက်ပါခဲ့ကြသည်။ အဒေါ်တွေကလည်း ဝက်သားဝယ်ရန်အိုးတွေ ယူလာကြသည်။ တရုတ်နှစ်သစ်ကူးကာလ ပြင်ပမှာအသားတွေကို စျေးချိုချိုနှင့် စားရသည်က ရှား၏။ရန်သာ့လန်က ယခင်က တောင်ပေါ်၌ ဟင်းသီးဟင်းရွက် ဥယျာဉ်တစ်ခု တည်ထောင်ပြီးနောက် သားကောင်များအရောင်းနည်းသွားခဲ့သည်။ဤအခွင့်အရေးကို ကြားသိရသည့်အခါ မည်သို့ မဖမ်းဆုပ်ဘဲနေကြမည်နည်း။