Chapter 66

320 55 1
                                    

🧝Chapter 66

မင်ချွင်းက ယနေ့သူ့အမေနှင့် လာခဲ့ပေမဲ့ သူ၏ ခင်ပွန်း​လောင်းဖြစ်သူ မြောင်ယွမ်က ရွာမှာမရှိတော့ပါချေ။သူ့အခြေနေကို တွေးပြီး အဝေးက ရန်သာ့လန်နှင့်လက်ချင်းတွဲထားသည့် မြောင်ဟယ်ကိုကြည့်လိုက်မိသည်။သူတို့ကြည့်ရသည်နှင့် သက်တောင့်သက်သာနှင့်ချစ်ခင်ကြင်နာကြပုံပင်။မင်ချွင်းမနေနိုင်ဘဲ တွေးလိုက်မိ၏။အချိန်ခရီးသွားတစ်ယောက်ဖြစ်တဲ့ သူ့ဘဝက ရှေးခေတ်ကောတစ်ယောက်ထက် ဘာလို့ဆိုးပိုနိမ့်ကျနေရတာလဲ...

မြောင်ယွမ်အတွက် ပြိုင်ဆိုင်မှုကြောင့် ဖြစ်ပေါ်လာသော ရန်လိုမှုများကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။မြောင်ဟယ်က အစကတည်းကပင် သူ့ဖြစ်တည်မှုကို မသိခဲ့သော်ငြား၊မြောင်ဟယ်နှင့် မြောင်ယွမ်တို့ကြားတွင်လည်း မည်သည့်ဆက်ဆံရေးမှမရှိတော့သော်ငြား မြောင်ဟယ်ကိုတွေသည့်အခါ သူဒေါသဖြစ်နေတုန်းပင်။

ဤမြင်ကွင်းတွင် မနာလိုခြင်းနှင့် မလိုလားခြင်းအရိပ်အမြွက်ပေါ်လာခဲ့သည်။

မင်ချွန်းသည် ရန်သာ့လန်ကို အဘယ်ကြောင့် မရွေးချယ်ခဲ့မိသနည်းဟု  သူ့ကိုယ်သူ တွေးတောမိသည်။အဲဒီတုန်းက ငါ့မိသားစုက သနားစရာကောင်းတယ်...ငါ့မှာ အရည်အချင်းရှိပေမဲ့ အရင်းအနှီးမရှိဘူး...ငါ အဲဒါတွေကိုမသုံးနိုင်ဘူးလို့ပဲတွေးခဲ့မိတယ်... မျက်စိတစ်မှိတ်အတွင်းမှာပဲ  ကပြောင်းကပြန်ဖြစ်သွားလိမ့်မယ်လို့ ဘယ်သူကသိမှာလဲ... ငါ့ရဲ့ချစ်ပ်တွေကို လောင်းပြီး​သွားတာ စိတ်မကောင်းစရာပဲ၊ ငါသာစိတ်ထပ်ပြောင်းလိုက်ရင်...

မင်ချွင်း တွေးနေစဉ်တွင် ရန်သာ့လန်နှင့် မြောင်ဟယ် အနီးတွင် လူအများအပြား ရပ်တန့်သွားသည်။ ဤလူတွေက မြောင်ဟယ်တို့အိမ်မှာ အလုပ်သွားလုပ်ဖူးသည့် ယောကျာ်းသားတွေနှင့် သူတို့၏ မိသားစုဝင်တွေဖြစ်၏။အရင်တုန်းက​ ချင်ရှန်းက အလုပ်သမားများက ပိုက်ဆံအများကြီးရပြီး အစားအသောက်ကောင်းတွေစားခဲ့ရသည်။မြစ်မှာဆုံသည့်အခါ စကားအနည်းငယ်ရပ်ပြောသည်က မျက်နှာသာပေးခြင်းပါပင်။တဖြည်းဖြည်းနှင့် လူတွေပိုများ စကားတွေပိုများလာပြီး အချိန်တစ်ခုလောက်လုစုမခွဲနိုင်ဖြစ်သွားသည်။

ကောငယ်လေး၏စတိုရီ(ဘာသာပြန်)Where stories live. Discover now