🧝Chapter 61
ရန်သာ့လန် ဆောက်ထားသော အိမ်အသစ်က အပြာရောင်အုတ်ကြွပ်မိုးအိမ်ကြီးဟု ရွာထဲကလူတွေ ပြောနေကြသည့်အကြောင်းကိုကား ထည့်ပြောစရာပင်မလိုပါချေ။
အပြာရောင်အုတ်များဖြင့်ဆိုလျှင် လူကြီးမင်းမြောင်ပင် မဆောက်နိုင်ပေ။ရန်သာ့လန်က အမှန်တကယ်ပင် စကားတစ်ခွန်းမှ မဟဘဲ အဆောက်အဦးတစ်ခုဆောက်ခဲ့သည်။ သူ့လက်ထဲမှာ ဘယ်လိုကတ်ကောင်းတွေရှိပြီး ဘယ်လိုချစ်ပ်တွေ ရှိလဲ။ ရွာလူကြီးက သူဘာမှမသိကြောင်း သိလိုက်ရသည်။ဒီလိုအခြေအနေမျိုးမှာသူက သူများကို ရူးရူးမိုက်မိုက်နဲ့ ပျော်ပျော်ပျော်ကြီးသွားဆန့်ကျင်နေသေးတယ်...
၎င်းကိုတွေးပြီး ရွာလူကြီး မနေ့ညက အိပ်မပျော်ပေ။ သည်နေ့ သည်ခရီးကို သွားကိုသွားရမှာ သေချာလေ၏။
သူ လက်ဆောင်ပင် ယူလာခဲ့သေးသည်။ မနေ့က မရောက်နိုင်ခဲ့၍ နောင်တရကြောင်း ပြောပြရန်လည်းမေ့၍မဖြစ်ပေ။
ရွာလူကြီး နဖူးမှာ ချွေးတွေပြန်နေသည်ကို မြောင်ဟယ် မြင်လိုက်ပေမဲ့ သူတကယ် ဘယ်သူ့ကိုမှ အထဲဝင်ထိုင်ရန် မဖိတ်ချင်သဖြင့် သူက အရင်ပြောလိုက်သည်။
"ရွာလူကြီးက ကိစ္စတစ်ခုခုရှိလို့ သာ့လန်ကို တွေ့ဖို့ တကူးတကလာတာလား...ဒါပေမဲ့ သာ့လန်ကညနေမှပြန်ရောက်မှာ...ကိစ္စရှိတယ်ဆိုရင် သူ့ကို
မနက်ဖြန်မှ ရွာလူကြီးအိမ်ကိုလွှတ်လိုက်မယ်လေ"ရွာလူကြီးက ငြင်းဆိုသံကြားရာတွင် စိတ်ထဲ အနည်းငယ်အေးစက်သွားပြီး တောင့်တောင့်ကြီး ပြုံးပြလိုက်၏။
"အင်း ကြီးကြီးမားမားတော့ မဟုတ်ပါဘူး ...မနေ့က မင်းတို့အိမ်မှာ အိမ်တက်ထမင်းကျွေးတာ ရွာလူကြီးငါက အိမ်မှာ အရေးကြီးကိစ္စရှိလို့ မလာနိုင်ဘူးလေ... ငါ တကယ် အားနာတယ်...ဒီနေ့ မင်းတို့ကို အစားထိုး လက်ဆောင်ပေးဖို့ လာတာ...မင်းတို့ရဲ့ အိမ်သစ်အတွက် ဂုဏ်ပြုပါတယ်"
ထိုစကားကိုပြောပြီးနောက် သူက သူ့မိန်းမလုပ်ထားသော ပြောင်းဖူးကိတ်မုန့်တစ်ပိုင်းကို လက်ထဲထိုးပေးလိုက်သည်။