<အဲ့လိုမျိုးသုံးရတာမဟုတ်ဘူး>
- Bbik!
Yoohyunieချဉ်းကပ်လာတာကိုမြင်တော့ Maiyaငှက်က အံ့အားသင့်သွားပြီး သူ့ရဲ့တောင်ပံကိုခတ်လိုက်တယ်။ အပူချိန်ပြင်းလှတဲ့လေလှိုင်းကြီးက Yoohyunieရှိရာကို ဦးတည်လာနေသော်လည်း ကျွန်တော့်ညီလေးက မရှောင်လိုက်ပါဘူး။ သူ့ဘေးဖက်မှာရှိတဲ့ မိုးမခရွက်အစုလိုက်အပြုံလိုက်ကို ရှေ့တည့်တည့်ကိုပစ်လွှတ်လိုက်တဲ့အခါ သူ့ရဲ့အနက်ရောင်ဆံပင်တွေက လှုပ်ရှားသွားလေတယ်။
ရေထဲမှာ ငါးတွေအုပ်လိုက်ကြီးကူးခတ်နေသလိုမျိုး သစ်ရွက်ထုကြီးက ဧရာမငှက်ကြီးရဲ့မျက်လုံးရှေ့မှာ ပိတ်နေကြ၏။ ရုတ်တရက် သူ့ရဲ့မြင်ကွင်းထဲကနေ ရန်သူက ပျောက်ကွယ်သွားသဖြင့် ရွှေရောင်နှုတ်သီးMaiyaက ဟိုကြည့်ဒီကြည့်နှင့် ရှာလေသည်။
ထိုအခိုက်အတန့်လေးမှာပဲ Yoohyunieရဲ့ခန္ဓာကိုယ်ကတော့ မှော်ဝင်ငှက်ရဲ့ ထိပ်နားလေးကို ရောက်သွားခဲ့ပါပြီ။ အတိအကျပြောရရင် သူက ငှက်ရဲ့မီးတောက်တွေနဲ့ဖုံးလွှမ်းထားတဲ့ ဦးခေါင်းအပေါ်နားလေးကို ရောက်နေတာပါ။
'ပြီးသွားပြီ'
အဲ့လိုကျွန်တော်တွေးလိုက်တဲ့အချိန်မှာပဲ Yoohyunieရဲ့လှံက Maiyaရဲ့ ခေါင်းထိပ်ကို ထိုးဖောက်သွားပြီးတော့―
ဖောင်း!
ငှက်ရဲ့ခေါင်းက ခြေမွှခံလိုက်ရတဲ့ ပူတင်းလေးလို ပေါက်ကွဲထွက်သွားလေရဲ့။ ပေါက်ကွဲစေခြင်းကသေချာပေါက်ကို အဲ့လှံရဲ့ထူးခြားချက်တစ်ခုပါ။ လှံရဲ့နာမည်က ဘယ်လိုခေါ်တာပါလိမ့်?
ဗုန်း!
ဦးခေါင်းတစ်ဝက်လောက်ဖောက်ခွဲခံလိုက်ရတဲ့ ဧရာမငှက်ကြီးရဲ့ခန္ဓာကိုယ်က မြေပြင်ပေါ်ကို ပြုတ်ကျလာခဲ့တယ်။ Yoohyunieကလည်း ကျန်ရှိနေသေးတဲ့ မိုးမခရွက်တွေကိုနင်းပြီး မြေပြင်ပေါ်ကို အသာလေးဆင်းလာခဲ့တယ်။ နောက်ဆုံးတော့လည်း မြန်မြန်ပွဲသိမ်းသွားတာပါပဲ။
ဧရာမငှက်ကြီးသေသွားတာနဲ့ အပြာရောင်ဂိတ်တံခါးပေါက်တစ်ခုက နဂိုမူလBossဖြစ်တဲ့ တောင်ဆိတ်ရှိနေခဲ့တဲ့နေရာမှာ ပေါ်လာခဲ့တယ်။
YOU ARE READING
ကျွန်တော်ပျိုးထောင်ခဲ့သောထိပ်သီးHunterလေးများ
Fantasy[မြန်မာဘာသာပြန်] ဟန်ယူဂျင်းတို့ရဲ့Hunter worldကို အလည်အပတ်သွားလိုက်ကြရအောင် ⌒(*'>∀<')つ.........