"Kyungie_ah..ကိုယ့်ကို ရေ တခွက် လောက် ခပ် ပေး ပါကွာ.." JongIn သူ့ ဘေးနား မှာ အိပ်ပျော် နေတဲ့ KyungSoo ကို လှုပ်နှိုး ကာ ပြော လိုက် တယ်..KyungSoo ကလည်း သူ အိပ်နေ တာ ကို လာနှိုး ပြီး ဂျီကျ နေတဲ့ JongIn ကို စိတ် မရှည် တော့.." ကိုယ့် ဟာ ကိုယ် သွား သောက် ကွာ.." ပြောပြီး နေရာ နည်းနည်း ရွှေ့ကာ ဆက် အိပ် နေ လိုက် ပါတယ်..အဲ့ဒါကို မရမက လိုက် ကပ် လာကာ အတင်း ဖက် ပြီး..
" Kyungie ~~ Kyungie_ah..လုပ်ပါ ကွာ..နော်..ကိုယ် ခေါင်း တွေ အရမ်း ကိုက် နေလို့ ပါ.."
" urhh..Kim JongIn.. တော်တော် ကို အနှောင့်အယှက် ပေးတယ်..တကယ်ပဲ " KyungSoo လည်း အတင်း ဖက်ထား တဲ့ လက် တွေ ကို ဖယ် လိုက်ကာ အိပ်ရာ ကထပြီး မီးဖိုထဲ ဝင် သွား ပါတော့ တယ်..
Mug ခွက် ထဲ မှာ ရေ ထည့် ပြီး ဆေးပါ တခါထဲ ယူလာ ပေး လိုက် ပါတယ်..မနေ့ညက club မှာ တော်တော် များ သွားတယ် လေ..အခန်းထဲ ရောက် တော့ ဆေးကို ခဏ ချကာ JongIn ကို အရင်ထူ လိုက် ပါတယ်..
" ရော့..ဒီမှာ ဆေး..တခါထဲ သောက်..breakfast သွားပြင် လိုက် ဦးမယ်.." KyungSoo ထသွားကာ JongIn အင်္ကျီ တထည် ကို ကောက် စွပ် လိုက် တယ်..JongIn ဆေး သောက် ပြီး သွား တော့ ခွက် ကို ပြန် သိမ်း ဖို့ ယူ နေ တုန်း သူ့ကို ခါး ကနေ ဆွဲဖက် ကာ အိပ်ရာ ပေါ် ဆွဲချ လိုက် တဲ့ JongIn..
" ဘာတွေ ဒီလောက် လော နေတာ လဲ babe ရဲ့.." ရီဝေဝေ အကြည့် တွေ နဲ့ ဆွဲဆောင် နေ ပြန်တယ်..
" မင်း ကရော..ဘာလို့ ငါ့ကို ဆွဲထား တာလဲ..ထလာ ပြီး မီးဖို ထဲ မှာ ကူလုပ် ပေးမယ် မရှိဘူး..လွှတ်တော့~~ breakfast ပြင် ရဦးမယ် ဆို.." KyungSoo JongIn ပေါ်မှ ထ လိုက်တယ်..JongIn ကတော့ သက်ပြင်း လေး ချရင်း..
" ကိုယ်က မင်းကို ဖက်ထား ချင် လို့ ဟာကို.." နှုတ်ခမ်း လေး ဆူကာ ပြော နေတဲ့ JongIn ကို ကြည့် ပြီး KyungSoo ပြုံး လိုက် ကာ..
" တချိန်လုံး ဖက် နေတာ ကို မှ အားမနာ..ကဲပါ ဒီနေ့ ည ဖက်အိပ် ကြမယ် လေ....JongSoo လေး နဲ့ " KyungSoo ပြော လိုက် မှ ပို နှုတ်ခမ်း ဆူ သွား တာ ကြောင့် ရယ် လိုက်မိတယ်..
STAI LEGGENDO
Babies Daddy (2016)
FanfictionZawgyi Byun BaekHyun - KyungSoo ရဲ့တစ်ဦးတည်းသောသူငယ်ချင်း.. Wu company မှာအလုပ်လုပ်ပါတယ် Park ChanYeol - Park company ရဲ့ CEO ..Kris နဲ့ JongIn တို့ရဲ့သူငယ်ချင်း.. Do KyungSoo - BaekHyun ရဲ့အချစ်ဆုံးသူငယ်ချင်း.. မကြာခင်မှာ JongIn နဲ့လက်...