ဒီနေ့ဟာ Kris နဲ့ SuHo တို့ရဲ့ မင်္ဂလာနေ့.. သူတို့ချစ်ခြင်းတွေနဲ့ တဦးကိုတဦး ချည်နှောင်လိုက်တဲ့နေ့ပါပဲ.. အဲ့လိုနေ့မှာမှ ပြဿနာက.." အား....စိတ်ညစ်တယ်..ငိုချင်တယ်တကယ်ပဲ.. ငါဘာလို့ အဲ့လောက်ဝတုတ်လာတာလဲကွာ..အင်္ကျီတွေကကျပ်နေပြီ.. "
သတို့သားအဝတ်လဲခန်းထဲမှာ SuHo တယောက် မှန်ရှေ့ရပ်ရင်း သူ့ခန္ဓာကိုယ်ကို ဟိုလှည့်ဒီလှည့်ကြည့်နေသည်.. ဘေးနားက KyungSoo နဲ့ BaekHyun လည်း နားတွေတော်တော်ပူနေပြီဖြစ်သည်..
" အရမ်းကျပ်တာတော့ မဟုတ်ဘူးမလား..ဘယ်လိုဖြစ်သွားတာလဲ? "
အငယ်မလေး SooJung ကို နို့ဗူးတိုက်နေရင်း KyungSoo မေးတော့..
" ဒီလိုဟေ့.. Hyung အင်္ကျီသွားတိုင်းတုန်းကတော့.. မင်္ဂလာပွဲမှာ စမတ်ကျကျလေးဖြစ်အောင်ဆိုပြီး fitting ကျကျပဲတိုင်းခဲ့တာ.. အဲ့တုန်းက အထဲကပေါက်စ ရှိနေမှန်းမသိခဲ့ဘူးလေ.. နောက်ပိုင်းမှာ တဖြည်းဖြည်း ဗိုက်ဖောင်းလာတာ.. အဲ့ဒါပဲ..ဟူး.."
ပြောလို့ပြီးတော့ စိတ်ပျက်လက်ပျက်နဲ့ထိုင်ချလိုက်တာ ကြမ်းပြင်ပေါ်.. BaekHyun ကတော့ SuHo ဖြစ်နေပုံကိုကြည့်ပြီး ရယ်သည်.. ယုန်ဗိုက်ပူလေးက ခြေကားယားလေးနဲ့ လက်၂ဖက်အနောက်ပစ်ကာ ထောက်ထားတာ.. ဗိုက်အင့်လို့ ထိုင်နေတဲ့ပုံနဲ့ တူနေသည်ကိုး..
" ဟားဟား.. ဒါကတော့ Hyung တို့က သောင်းကျန်းတာကိုး.. ကိုယ့်အပြစ်နဲ့ကိုယ်ပဲ "
BaekHyun က သူ့ကိုယ်သူမှန်ထဲပြန်ကြည့်ရင်း အားမနာစွာဖဲ့လိုက်သည်..
" အမယ်.. သူများကို သောင်းကျန်းတယ်ပြောရသေး.. တကယ်သောင်းကျန်းတာ ဘယ်သူတွေပါလိမ့်..ပြောလို့မရဘူး.. အခုလည်း မင်းဗိုက်ထဲမှာ ရှိချင်ရှိနေမှာ "
ထိုင်လျက်ပင် SuHo ပြန်ချေပသည်.. BaekHyun ကတော့ ပြုံးလျက်ပင်..
" ဒီတခေါက်လည်း Hyung ပဲမွေးပေးရမှာနော်?"
" ဟင်..Yah BaekHyun.. မင်းတကယ်ကြီးကို ရှိနေပြီလား? သုံးကြိမ်မြောက်လေ?"
YOU ARE READING
Babies Daddy (2016)
FanfictionZawgyi Byun BaekHyun - KyungSoo ရဲ့တစ်ဦးတည်းသောသူငယ်ချင်း.. Wu company မှာအလုပ်လုပ်ပါတယ် Park ChanYeol - Park company ရဲ့ CEO ..Kris နဲ့ JongIn တို့ရဲ့သူငယ်ချင်း.. Do KyungSoo - BaekHyun ရဲ့အချစ်ဆုံးသူငယ်ချင်း.. မကြာခင်မှာ JongIn နဲ့လက်...