You Are My Everything ~19

10.1K 667 23
                                    


Emergency room အ​ရှေ့ က ​စောင့်​တဲ့ ထိုင်​ခုံ ​လေးမှာ SuHo ထိုင်​​စောင့်​ ​နေပါတယ်​..သူ့ မျက်​လုံး ​တွေ လည်း ငို ရလွန်း လို့ ​ဖောင်းကား ပြီး ကြိမ်းစက်​ ​နေပါပြီ..လက်​ ​တွေ ကလည်း သူ့ ကုတ်​ အင်္ကျီ အဖြူ ​လေး ကို ဆွဲဆုပ်​ ထားတာ မို့ အင်္ကျီ ​လေး လည်း တွန့်​​ကြေ ​နေပီ..Kris အခုလို ဖြစ်​ သွားတာ ကို သူ ဘယ်​လို မှ လက်​ခံ လို့ မရ​သေး ပါဘူး..ခုဆို Kris operation ခန်းထဲ ​ရောက်​​နေတာ ၂နာရီ ​တောင်​ ရှိပြီ​လေ..

" Suho.. ငါ မင်း နဲ့ စကား ခဏ ​လောက်​ ​ပြော လို့ ရမလား?" စကား ​ပြော လာတဲ့ သူကို Suho ​မော့ကြည့်​ လိုက်​​တော့ Chen.. ​ဆေးရုံ တခု ထဲမှာ အတူတူ အလုပ်​လုပ်​ ​နေတဲ့ သူ့ အချစ်​ဆုံး သူငယ်​ချင်း ဆရာဝန်​ ​လေး ​ပေါ့ .. Kris ရဲ့ case ကို တာဝန်​ယူ ထား တဲ့ သူဆို လည်း ဟုတ်​ပါတယ်​..

" ​ပြော​လေ Chen " Suho မျက်​ရည်​ ​တွေ ကို သုတ်​ကာ ပြန်​​ဖြေ လိုက်​​တော့ Chen လည်း ​ဘေးနား မှာ ဝင်​ထိုင်​ လိုက်​တယ်​..

" SuHo.. Kris အခုလို ဖြစ်​ သွားတာ ငါလည်း စိတ်​ မ​ကောင်း ပါဘူး ကွာ..ငါ မင်းကို ​ပေး စရာ ​လေး ရှိတယ်​.." ဆိုကာ အပြာ​ရောင်​ ကတ္တီပါဘူး ​လေး ကို လှမ်း​ပေးတယ်​..​သွေး ​တွေ စွန်း​နေတဲ့ ထို ကတ္တီပါဘူး ​လေး ကို Suho လှမ်းယူ လိုက်​ ပြီး နား မလည်​ သလို နဲ့ Chen ကို ကြည့်​ လိုက်​တယ်​..

" ဒါ​လေးက ငါတို့ သူ့ကို သွား​ခေါ် တုန်း က သူ့လက်​ထဲ မှာ ဆုပ်​ထား တာ​လေး..အဲ့ဒါ နဲ့ ငါလည်း မင်းကို ​ပေး သင့်​တယ်​ ထင်​လို့ လာ​ပေးတာ .." Chen စကား ဆုံး​တော့ သူ မျက်​ရည်​ က အလိုလို ကျလာ ပြန်​ ပါတယ်​..ကတ္တီပါဘူး ​လေး ကို တင်းတင်း ဆုပ်​ ပြီး ရင်​ဘတ်​ နား ကပ်​ထား လိုက်​ မိတယ်​..

" Suho ah..စိတ်​ ကို ထိန်းထား ပါကွာ..သူ ဘာမှ မဖြစ်​ ​လောက်​ပါဘူး..မင်း မှာလည်း ကိုယ်​ဝန်​ ကြီး နဲ့ မလား..အဲ့လို ခဏခဏ ငို ​နေရင်​ က​လေး လည်း ထိခိုက်​ လိမ့်​ မယ်​..Kris နဲ့ က​လေး​လေး အတွက်​ မင်း အားတင်း ထား ရမယ်​ ​လေ.." Chen လည်း သူ့ သူငယ်​ချင်း နဲ့ ထပ်​တူ ဝမ်းနည်း ရပါတယ်​..Suho ဘယ်​​လောက်​ ခံစား ​နေ ရမလဲ ဆိုတာ သူ သိပါတယ်​..SuHo ကို ဖက်​ထား ကာ နှစ်​သိမ့်​ ​ပေး လိုက်​ ကာမှ ထပ်​ငို ​နေတယ်​..

Babies Daddy (2016)Dove le storie prendono vita. Scoprilo ora