You Are My Everything ~23

9.5K 649 34
                                    


LuHan သူ့ ပစ္စည်း တွေ အင်္ကျီ တွေ အကုန် ထုပ်​ပိုး ကာ သိမ်းဆည်း ပြီးသွားပါပြီ.. အခန်း ထဲက မထွက်ခင် သူ အိပ်ခန်း လေးကို တချက် ပြန်ကြည့် လိုက်မိပါတယ်.. သူတို့ အခန်းလေး.. သူနဲ့ Sehun ၂ယောက် ချစ်ကြည်နူးကာ အချစ် ကို ပုံဖော် ခဲ့ ကြတဲ့ အခန်းလေး.. သူ့ ဗိုက်ထဲ က က​လေး​လေး ဖြစ်တည် ရာ အစ ဖြစ်တဲ့ အခန်းလေး .. အရင် က အကြောင်း ကို ပြန်တွေးမိတာ နဲ့ Lu မျက်​ရည်​ တွေ ကျလာရပြန် ပါတယ်..

" Annyeong..  ငါတို့ နောက်ထပ် မတွေ့ ဖြစ် လောက်တော့ ဘူး ထင်တယ် နော် " သူ အိပ်​ခန်း လေး ကို ​နောက်​ဆုံး နှုတ်​ဆက်​စကား လေး ပြော ပြီး အထုပ် များ ကို ဆွဲကာ ဧည့်ခန်း ဆီ ထွက်လာ ခဲ့ပါတယ်.. MinSeok Hyung ကို ဖုန်းဆက် ခေါ်ထား တဲ့ အတွက် လာခေါ် မှာ ကို ထိုင် စောင့် နေလိုက် ပါတယ်..

ရုတ်​တရက် အိမ်ရှေ့ က Sehun ကားသံ ကို ကြားလိုက် ရပါတယ်​.. သူ မသွားခင် တွေ့ ရဦးမယ် ပေါ့.. သူ မျက်​ရည်​ တွေ ကို သုတ်လိုက်တယ်.. ဟုတ်​ပါတယ်​ ထပ်ပြီး ပျော့ညံ့ နေလို့ မဖြစ်ပါ.. မဟုတ် ရင် သူ မခွဲ နိုင်ပဲ ဖြစ် နေမှာ စိုးလို့ပါ..

" ပြန်လာ ပါပြီ.." ခါတိုင်း လိုပင် Sehun နှုတ်ဆက်​ ပြီး အိမ်ထဲ ဝင်လာတယ်.. ဧည့်ခန်း ထဲ မှာ ထိုင်နေ တဲ့ Lu ရယ် luggage ၃လုံး လောက်ကို တွေ့ တော့ မျက်ခုံး တွေ ပင့်သွား တယ်..

" သွားတော့ မလို့လား?" လွယ်​အိတ်​ ကို ခုံပေါ် ပစ်တင် လိုက်ကာ LuHan နဲ့ မျက်နှာချင်း ဆိုင် ခုံမှာ ဝင်ထိုင် လိုက်ပါတယ်..

" အင်း.. ဟုတ်တယ်.. မင်း လိုက် ပို့ စရာ မလိုပါဘူး.. သူငယ်​ချင်း တယောက် လာခေါ် မှာ.." Lu မျက်နှာ ကို အောက်ချ ထား ကာ Sehun ကို မကြည့် ပဲ ပြော လိုက်ပါတယ်..

" aww.. ဒါနဲ့ ဘယ်မှာ နေ မှာလဲ?" Sehun မေးပြီး ရေခဲသေတ္တာ ဆီ ထသွားတယ်.. ပြီးတော့ ရေခဲသေတ္တာ ထဲက ပန်းသီး တလုံး ထုတ်ကာ ပြန်လာတယ်..

" ခုလောလောဆယ် တော့ အဲ့ သူငယ်​ချင်း အိမ်မှာ ပဲ နေမှာ ပါ.. ပြီးမှ သတ်​သတ်​ နေစရာ ရှာ ရမှာ " LuHan ပြော သာ ပြောနေတာ ပါ.. သူ ပြောတာ တွေ ကို Sehun စိတ်မဝင်စား မှန်း သူသိပါတယ်.. Sehun သည်လည်း တာဝန် အရ မေးနေ ရသည့် ပုံ နဲ့ မလား..

Babies Daddy (2016)Where stories live. Discover now