You Are My Everything ~21

9.8K 671 41
                                    


" BaekHyun ah..SuHo hyung ရော?" အပြင် ခဏ သွားတဲ့ KyungSoo .. SuHo ကို မမြင်မိ ၍ BaekHyun ကို မေးလိုက်ပါတယ်..Baek ကတော့ သက်ပြင်းလေး အသာ ချရင်း..

" Kris ဆီမှာ ထင်တယ်..သူ နိုးနိုးချင်း Kris အကြောင်း မေးလို့ ငါ ပြောလိုက်မိတာ..အဲ့ဒါ ချက်​ချင်း ကုတင်​ ပေါ်က ပြေးဆင်း ပြီး ထွက်သွားတာပဲ.." နံရံ မှာ ခေါင်းလေး ကို မှီကာ ပြော လိုက်တော့ KyungSoo က Baek ပခုံး လေးကို ပုတ်ကာ အားပေးတယ်..သူတို့ လည်း SuHo ကို နားလည် ပါတယ်..

" နားလည် ပေး လိုက်ပါ Baek ရယ်..သူလည်း Kris ကို စိုးရိမ်​ မှာပေါ့..ဩော်..ဟိုမှာ SuHo hyung.. " KyungSoo ပြော နေရင်းပဲ SuHo အခန်းထဲ ပြန်ဝင်လာတာ ကို တွေ့လိုက်ရပါတယ်..

" hyung.. သက်သာ ရဲ့လား? Kris ရော..ဘယ်လို နေလဲ?" KyungSoo က သိချင် ၍ မေးလိုက်တော့ SuHo က ယဲ့ယဲ့ လေးပြုံး ပြတယ်..

" hyung သက်သာ ပါတယ်..Kris ကတော့ အိပ်ပျော် နေတယ်..သတိ ပြန် ရလာပြီ..ဒါပေမဲ့ စကား တော့ မပြော နိုင်သေးဘူး.." SuHo ပြော ပြီး သက်ပြင်း လေး ချလိုက်တယ်..

" hyung ရယ်..ဒါ ကောင်းတဲ့ လက္ခဏာ ပဲလေ..စကား ကတော့ တဖြည်းဖြည်း နဲ့ ပြော နိုင်လာမှာပါ..ခုလို သတိရ လာတာ ပဲ ​ကျေးဇူး တင်ရမယ်..hyung လည်း သိပ် အပင်ပန်း မခံ ပါနဲ့..အထဲ မှာ က​လေး​လေး ကလည်း ရှိသေးတယ် လေ... .... hyung ဘာမှ မစား ရသေးဘူး မလား.. ကျွန်တော် တို့ တခုခု သွားစား ကြမလား?" KyungSoo မေးတော့..

" Kyungie နဲ့ Baek ကို hyung ​ကျေးဇူး တင်ပါတယ်..hyung တော့ မလိုက်တော့ဘူး..သူ နိုးလာ တာ ကို စောင့် ချင်သေးတယ်.." SuHo ဖျော့တော့ နေတဲ့ အသံ နဲ့ ပြောလာတယ်..

" ရပါတယ်​.. အဲ့ဒါ ဆို ကျွန်တော် တို့ပဲ သွားလိုက်မယ်..အပြန်ကျ ရင် hyung အတွက် စားစရာ တခုခု ဝယ်လာ ခဲ့မယ် နော်.."

" ဟုတ်ပါပြီ..Gomawoe " SuHo ရှိ သမျှ အားလေး နဲ့ ပြုံးပြ လိုက်ပြီး KyungSoo နဲ့ BaekHyun ကို ဖက်လိုက်တယ်..

" မလိုပါဘူး hyung ရယ်..ကျွန်တော် တို့ hyung ဘေး မှာ အမြဲ ရှိမှာပါ .. အားတင်းထား hyung " Baek အားပေး စကား ပြောကာ SuHo ဖက်ထား ကို ခွာလိုက်တယ်..

" hyung.. အဲ့ဒါဆို သွားပြီ နော် " KyungSoo လည်း ဖက်ထားတာ ကို လွှတ် လိုက်ပြီး နှုတ်​ဆက်​စကား ပြောလိုက်တယ်..

Babies Daddy (2016)Where stories live. Discover now